+++++ Dear ….. Thank you for visiting our booth at the Myanmar Black Hacking. We hope you will have a good time and enjoyed your visit to Underground. In case we won't answer some of your questions about our Real Info, we encourage you to visit our website at www.myanmarblackhacking.com +++++ It will give you a good idea of what we can do for +++++

Sep 5, 2017

1 တူရကီ-မြန်မာ ဆိုက်ဘာတိုက်ပွဲ ( နောက်ဆုံးရ သတင်း )


တူရကီအခြေစိုက် ဟက်ကာအဖွဲ့က လွန်ခဲ့သည့် လေးရက်အကြာက စတင်ကာ မြန်မာအစိုးရ ဝက်ဘ်ဆိုက်များကို ဆိုက်ဘာတိုက်ခိုက်မှုများ စတင်ပြုလုပ်နေပြီ ဖြစ်သည်။ ယနေ့အထိ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အပါအဝင် မြန်မာအစိုးရ ဝက်ဘ်ဆိုက်များကို တိုက်ခိုက်လျက်ရှိသည်။ မြန်မာအစိုးရ၏ ဝက်ဘ်ဆိုက်များကို တိုက်ခိုက်ပြီးနောက် ပင်မစာမျက်နှာများတွင် ‘ရခိုင်မှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်နေတာတွေရပ်’ ဆိုသည့် အဓိပ္ပာယ်ပါသော စာသားကို ရေးသားလွှင့်တင်ထားခဲ့သည်။ လက်ရှိအချိန်တွင် တူရကီဘက်မှ မြန်မာနိုင်ငံကို ပစ်မှတ်ထားပြီး ဆိုက်ဘာစစ်ပွဲ ဆင်နွှဲမည်ဟု ကြေညာလိုက်ပြီဖြစ်ပြီး မြန်မာနိုင်ငံဘက်ရှိ ဟက်ကာများကလည်း ပြန်လည်လက်တုံ့ပြန်မှုများ ရှိနေသည်။

သြဂုတ် ၃၁ ရက်

တူရကီအခြေစိုက် ဟက်ကာအဖွဲ့ဖြစ်သည့် Ayyildiz Tim အဖွဲ့က မြန်မာနိုင်ငံ၏ Cyber Space ကို စတင်တိုက်ခိုက်မည်ဟု ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။ ယင်းသတင်းသည် မြန်မာဟက်ကာအသိုင်းအဝိုင်းမှတစ်ဆင့် လူမှုကွန်ရက်တွင် ပျံ့နှံ့လာခဲ့ပြီး လူပြောများခဲ့သည်။ အချို့လည်း မြန်မာအစိုးရ ဝန်ကြီးဌာန ဝက်ဘ်ဆိုက်များနှင့် မြန်မာဝက်ဘ်ဆိုက်များတွင် အရေးကြီး အချက်အလက်များ မရှိနိုင်သည့်အတွက် အရေးကြီးအခြေအနေ မရှိဟု သဘောထားခဲ့ကြသည်။

သြဂုတ်လ ၃၁ ရက်ညတွင်ပင် တူရကီဘက်မှ တိုက်ခိုက်မှုများကို စတင်ခဲ့ကြသည်။

စက်တင်ဘာ ၁ ရက်

Ayyildiz Tim ဟက်ကာအဖွဲ့က မြန်မာအစိုးရဝန်ကြီးဌာန ဝက်ဘ်ဆိုက်များ အပါအဝင် မြန်မာဝက်ဘ်ဆိုက် ၂၂ ခုကို စတင်တိုက်ခိုက်ခဲ့သည်။ ‘မြန်မာနိုင်ငံအတွင်း လူမျိုးတုံးသတ်ဖြတ်မှု ချက်ချင်းရပ်’ ဟု မြန်မာဝက်ဘ်ဆိုက်များ၏ မူလစာမျက်နှာများတွင် Deface များ တင်ခဲ့သည်။ လူမှုကွန်ရက်များတွင် မမှန်မကန် လုပ်ကြံရေးသားတင်ပြထားသည့် ဓာတ်ပုံများကိုလည်း Deface ပုံများတွင် ထည့်သွင်းဖော်ပြခဲ့ကြသည်။

မြန်မာ UG Hacker များက ယင်းလုပ်ရပ်နှင့် ပတ်သက်ပြီး တုံ့ပြန်ရန် စုစည်းလာကြပြီး ဆိုက်ဘာတိုက်ခိုက်မှုများဖြင့် တုံ့ပြန်နိုင်ရန် ကြိုးပမ်းခဲ့သည်။ ကနဦး တုံ့ပြန်မှု အနေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝက်ဘ်ဆိုက် ၁၄ ခုကို ဆိုက်ဘာတိုက်ခိုက်မှုများဖြင့် တုံ့ပြန်ခဲ့ကြသည်။ 

ယင်းနောက် တူရကီဘက်သို့ မြန်မာနိုင်ငံဘက်မှ ဆိုက်ဘာတိုက်ခိုက်မှုများဖြင့် တုံ့ပြန်ခဲ့သည်။

တူရကီဘက်မှလည်း မြန်မာအလုပ်အကိုင်ရှာဖွေရေး ဝက်ဘ်ဆိုက်တစ်ခုကို တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ဝန်ထမ်းများ၏ CV ၈ သောင်းကျော်ကို ရရှိထားပြီဟု ကြေညာခဲ့သည်။

မြန်မာသတင်းအချက်အလက် ထုတ်ပြန်ရေးကော်မတီက ဆိုက်ဘာတိုက်ခိုက်မှုများ ဖြစ်ပွားချိန်တွင် တိုက်ခိုက်ခံရသည့် ဝက်ဘ်ဆိုက်များ အနေနှင့် မြန်မာကွန်ပျူတာအရေးပေါ်တုံ့ပြန်မှုအဖွဲ့ (mmCERT)  နှင့် အမျိုးသားဆိုက်ဘာလုံခြုံရေး ဗဟိုဌာနတို့တွင် နည်းပညာ အကူအညီများ ရယူနိုင်မည်  ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

စက်တင်ဘာ ၂ ရက်

မြန်မာဟက်ကာများက တူရကီဝက်ဘ်ဆိုက် ၂၃၈ ခုကို တိုက်ခိုက်ပြီး Deface တင်ထားကြောင်း မြန်မာလူငယ်ဟက်ကာများက ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ကြေညာခဲ့သည်။

တူရကီဟက်ကာများက ခေတ္တငြိမ်သက်နေပြီး မြန်မာလူငယ်များ စုစည်းထားသည့် ဟက်ကာအဖွဲ့များက တိုက်ခိုက်မှုများကို အရှိန်မြှင့်တင် ဆောင်ရွက်ခဲ့ကြပြီး နောက်ဆုံးသိရသည့် စာရင်းများအရ တူရကီဝက်ဘ်ဆိုက် ၇၀၀ ခန့်ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြကြောင်း ပြည်တွင်းသတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။

စက်တင်ဘာ ၃ ရက်

နှစ်ဖက်ဟက်ကာအဖွဲ့များ၏ ဆိုက်ဘာတိုက်ခိုက်မှုများ ဆောင်ရွက်နေမှု အခြေအနေကို အသေးစိတ် မသိရသော်လည်း နှစ်ဖက်လုံးမှ ဟက်ကာအဖွဲ့များက ၎င်းတို့၏ လှုပ်ရှားမှု အခြေအနေများကို ဖော်ပြခြင်း မရှိဘဲ ရပ်တန့်နေသည်။

စက်တင်ဘာ ၃ ရက် ညနေပိုင်းတွင်မူ တူရကီဘက်မှ တိုက်ခိုက်မှုအနေနှင့် မအူပင် တက္ကသိုလ်၏ ဝက်ဘ်ဆိုက်ကို ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ပြီး Deface တင်ခဲ့သည်။

ယင်းနောက် တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး စက်တင်ဘာ ၃ ရက် တစ်ညလုံးနီးပါး တိုက်ခိုက်ခဲ့ကြသည်။

စက်တင်ဘာ ၄ ရက်

စက်တင်ဘာ ၄ ရက် နံနက် ၃ နာရီခန့်တွင်မူ မြန်မာဝန်ကြီးဌာန ဝက်ဘ်ဆိုက်များ ဖြစ်သည့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့၏ ဝက်ဘ်ဆိုက်များကို ဆိုက်ဘာ တိုက်ခိုက်ခံခဲ့ရသည်။ 

မြန်မာနိုင်ငံ ကွန်ပျူတာအရေးပေါ်တုံ့ပြန်မှုအဖွဲ့ (mmCERT) နှင့် နီးစပ်သူတစ်ဦးကမူ ယင်းတိုက်ခိုက်ခံရမှုများအတွက် သတင်းပို့ချက်ကို လက်ခံရရှိထားပြီး ပြုပြင်ဆောင်ရွက်နေသည်ဟု The Voice ကို ပြောဆိုထားသည်။

ယင်းနောက် တူရကီဟက်ကာများက မြန်မာပြည်တွင်းပုံနှိပ်မီဒီယာ The Voice နေ့စဉ်သတင်းစာနှင့် နည်းပညာသတင်းများ ဖော်ပြနေသည့် mmTWave ဝက်ဘ်ဆိုက်တို့ကို Screen Shoot များဖမ်းပြီး ယင်းသတင်းဌာနများ၌ တူရကီ၏ တိုက်ခိုက်မှုများကို ဖော်ပြထားကြောင်း၊ မြန်မာဟက်ကာများ မည်သို့ပင် တုံ့ပြန်စေကာမူ ကောင်းကင်ဘုံ၏ အဆုံးအဖြတ်တစ်ခုသာ ရှိမည်ဖြစ်ကြောင်း၊ တူရကီ၏ စွမ်းအားကို မြင်တွေ့ရမည် ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။

စက်တင်ဘာ ၄ ရက် ညနေ ၅ နာရီအထိ နောက်ဆုံးသိရှိရသည့် သတင်းများအရ တူရကီဘက်မှ တိုက်ခိုက်နေသည့် ဟက်ကာအဖွဲ့အပြင် တူရကီအခြေစိုက် ဟက်ကာအဖွဲ့ ၁ ဖွဲ့နှင့် ပါကစ္စတန် အခြေစိုက်ဟု ယူဆရသည့်အဖွဲ့ ၁ ဖွဲ့ ထပ်မံပါဝင်လာပြီ ဖြစ်သည်။

မြန်မာဟက်ကာများဘက်မှလည်း လူငယ်ဟက်ကာအဖွဲ့များအပြင် ယခင် မြန်မာနိုင်ငံကို တိုက်ခိုက်ခဲ့သော ဆိုက်ဘာစစ်ပွဲများတွင် မြန်မာနိုင်ငံဘက်မှ ပါဝင်တိုက်ခိုက်ခဲ့သည့် နာမည်ကြီး မြန်မာဟက်ကာအဖွဲ့များလည်း စတင်ပါဝင်လာပြီ ဖြစ်သည်။ ယခုဖြစ်ပေါ်နေသည့် အပြန်အလှန် ဆိုက်ဘာတိုက်ခိုက်မှုမှာ လေးရက်ကြာပြီ ဖြစ်သော်လည်း ပိုမိုပြင်းထန်လာနေဆဲဖြစ်ပြီး ပိုမိုကျယ်ပြန့်လာနိုင်ကြောင်း အိုင်တီပညာရှင်များက ခန့်မှန်းနေကြသည်။           

The  Voice - မောင်မန်း

1 comments:

Hacker Man said...
This comment has been removed by the author.

Post a Comment