+++++ Dear ….. Thank you for visiting our booth at the Myanmar Black Hacking. We hope you will have a good time and enjoyed your visit to Underground. In case we won't answer some of your questions about our Real Info, we encourage you to visit our website at www.myanmarblackhacking.com +++++ It will give you a good idea of what we can do for +++++

Jan 17, 2017

0 ရက် ၉၀ အတွင်း ဆိုက်ဘာတိုက်ခိုက်မှု ကာကွယ်ရေး အစီရင်ခံစာ ထုတ်ပြန်မည်ဟု ဒေါ်နယ်ထရန့်ဆို..

ဒေါ်နယ်ထရန့်သည် အမေရိကန်သမ္မတ ရွေးကောက်ပွဲ အနိုင်ရရှိပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ အဆိုပါသတင်းစာ ရှင်းလင်းပွဲတွင် ရက် ၉၀ အတွင်း ဆိုက်ဘာတိုက်ခိုက်မှု ကာကွယ်ရေး အစီရင်ခံစာကို ထုတ်ပြန်မည်ဟု ထရန့်ကကတိပေးခဲ့သည်။
သတင်းစာရှင်းလင်းပွဲ အစောပိုင်းတွင် ထရန့်သည် ဆိုက်ဘာလုံခြုံရေး ဆိုးရွားမှုအတွက် အမေရိကန်အစိုးရကို ဝေဖန်ခဲ့သည်။ ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့သော ရုရှားအနေဖြင့် ဟီလာရီက
လင်တန်၏ ပျောက်ဆုံးနေသည့် အီးမေးလ်များကို ဖော်ပြသင့်ကြောင်း ထရန့်က အကြံပြုခဲ့သည်။ ထိုအစီရင်ခံစာ ပြုစုရန် အောက်လွှတ်တော်အမတ် မိုက်ပွန်ပီယိုနှင့် အထက်လွှတ်တော် ဒန်ကော့တက်စ်တို့ကို ထရန့်က တာဝန်ပေးသည်။ ၎င်းတို့နှစ်ဦးကို ထရန့်ကပင် စီအိုင်အေဒါရိုက်တာနှင့် အမျိုးသားထောက်လှမ်းရေး ဒါရိုက်တာအဖြစ် အသီးသီးခန့်အပ်ခဲ့သည်။ အမေရိကန် ရွေးကောက်ပွဲ ကာလအတွင်း ဖြစ်ပွားခဲ့သော ရုရှား၏ ဆိုက်ဘာတိုက်ခိုက်မှုကို အစီရင်ခံစာတွင် ဖော်ပြမည့်အပြင် အမေရိကန် ဆိုက်ဘာလုံခြုံရေး အားနည်းချက်များလည်း ပါဝင်မည်ဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ၂၀၁၆ ခုနှစ် အမေရိကန် ရွေကောက်ပွဲတွင် အင်အားကြီးမားသော ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ဝါဒဖြန့်ချိမှုများကို ပြုလုပ်ရန် ညွှန်ကြားခဲ့ကြောင်း ပြီးခဲ့သည့်
သောကြာနေ့က အမေရိကန် ထောက်လှမ်းရေး အေဂျင်စီများက ပြောကြားခဲ့သည်။

သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရသော ဒေါ်နယ်ထရန့်သည် ဆိုက်ဘာလုံခြုံရေး အားနည်းချက်ကို မည်သို့ တိုက်ဖျက်မည်ကို အသေးစိတ် မရှင်းပြခဲ့ပေ။


Ref: CNET
Cre - http://internetjournal.media

0 comments:

Post a Comment