+++++ Dear ….. Thank you for visiting our booth at the Myanmar Black Hacking. We hope you will have a good time and enjoyed your visit to Underground. In case we won't answer some of your questions about our Real Info, we encourage you to visit our website at www.myanmarblackhacking.com +++++ It will give you a good idea of what we can do for +++++

Dec 21, 2016

0 Yahoo ၏ account တစ်ဘီလျံ ကျော် တိုက်ခိုက်ခံရ


Yahoo သည် ၂၀၁၃ ခုနှစ် သြဂုတ်လတွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုတွင် ဝန်ဆောင်မှု သုံးစွဲသူ account တစ်ဘီလျံကျော် ပေါက်ကြားခဲ့ကြောင်း ထုတ်ဖော်ပြောကြား ခဲ့သည်။
အဆိုပါ ဖြစ်ရပ်သည် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သော account သန်း ၅၀၀ ၏ အချက်အလက် ပေါက်ကြားမှုနှင့် မသက်ဆိုင်ကြောင်း သိရသည်။
ကုမ္ပဏီအနေဖြင့် ခိုးယူခံရသော account တစ်ဘီလျံကျော်မှ အချက်အလက်များကို မစိစစ်ရသေးကြောင်း Yahoo ၏ သတင်းအချက်အလက် လုံခြုံရေးအရာရှိ ဘော့လော့ထ်က ပြောကြားထားသည်။
Yahoo အနေဖြင့် အချက်အလက် ပေါက်ကြားမှုကို ဥပဒေဆိုင်ရာ အဖွဲ့အစည်းများသို့ အကြောင်းကြားထားပြီး ပြင်ပမှုခင်း ပညာရှင်များ၏ အကူအညီနှင့်အတူ အချက်အလက်များကို စစ်ဆေးခဲ့သည်။ ပေါက်ကြားခဲ့သော အချက်အလက်များတွင် ငွေပေးချေမှု အသေးစိတ်အချက် အလက် သို့မဟုတ် password များမပါဝင်ခဲ့ပေ။ သို့သော်လည်း သုံးစွဲသူ၏ password များတွင် hash ပြုလုပ်ထားသော MD5 အသုံးပြုထားကာ ၎င်းမှာ လုံခြုံခြင်း မရှိတော့။ MD5 hash များဖြင့်ဖုံးကွယ်ထားသော password များကို အွန်လိုင်းတွင် အလွယ်တကူ ရှာဖွေနိုင်သည်။
ပေါက်ကြားမှုတွင် ပါဝင်ခဲ့သော account ပိုင်ရှင်များကို သတိပေးမှုများ ပြုလုပ်ထားကြောင်း Yahoo ကပြောကြားခဲ့သည်။ ထို့ကြောင့် သုံးစွဲသူများအနေဖြင့် password များကို ပြောင်းလဲရန် လိုအပ်သည်။
Ref: TechCrunch

0 comments:

Post a Comment