+++++ Dear ….. Thank you for visiting our booth at the Myanmar Black Hacking. We hope you will have a good time and enjoyed your visit to Underground. In case we won't answer some of your questions about our Real Info, we encourage you to visit our website at www.myanmarblackhacking.com +++++ It will give you a good idea of what we can do for +++++

Nov 6, 2016

0 ကော့တောင်(လိပ်ကျွန်း) လူသတ်မှု နောက်ဆုံးသော သတင်း


November 10 ရက်နေ့  နောက်ဆုံးအယူခံနေ့  
နိုဝင်ဘာ ၁၀ရက်နေ့ တွင် အပြီးသတ်အမိန့် ချမှတ်မည်
စိတ်ဝင်စားသူနည်းပါးလာသော ကော့တောင်(လိပ်ကျွန်း) လူသတ်မှု 

+++++++++++++++++++
+++++++++++++++++++
ဗြိတိသျှလူငယ် ၂ ဦးဖြစ်တဲ့ David Miller နှင် Hannah
Witheridge တို့သတ်ဖြတ်ခံခဲ့ရတဲ့ လိပ်ကျွန်းသူသတ်
ပက်သက်လို့သေဒဏ်ပေးခံထားရတဲ့ မြန်မာရွေ့ပြောင်း
လူငယ် ၂ နှစ်ဦးရဲ့အမှုတွက်အယူခံတရားရုံးက
မေးခွန်းထုတ်ချက်တွေကို အစိုးရရှေ့နေတွေဘက်က
ပြန်လည်ချေပခွင့် အရေးဟာ နိုဝင်ဘာ ၁၀ ရက်နေ့မှာ
နောက်ဆုံးထားတင်ပြရမှာဖြစ်ပါတယ် အစိုးရရှေ့နေ
တွေဘက်က ပြန်လည်မချေပနိုင်ဘူးဆိုရင် သေဒဏ်
ပေးခံထားရတဲ့ လူငယ်နှစ်ဦးနဲ့ပက်သက်ပြီး အယူခံ
တရားရုံက ဆုံးဖြတ်ချက်တစ်ခုခုချတော့မှာဖြစ်
ပါတယ်။ မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

လိပ်ကျွန်းလူုသက်မူနဲ့ပက်သက်လို့ မြန်မာနိုင်ငံသား ရွေ့ပြောင်းအလုပ်သမား လူငယ် ၂ ဦး သေဒဏ်ပေးခံလိုက်ပြီးနောက်မှာတော့တရားခံတွေရဲ့အကျိုးဆောင်ရှေ့နေတွေက အယူခံတရား
ရုံးမှာ စာမျက်နှာ ၁၉၈ မျက်နှာပါတဲ့ အယူခံဖြေရှင်းချက်
တွေနဲ့တရားခံဘက်ကအားနည်းချက်တွေကို တင်ပြ
ထားတာပါ။ ဒီအတွက် အယူခံတရားရုံကနေအစိုးရ
ရှေ့နေများ ဘက်ကို့ပြန်လည် မေးခွန်းထုတ်ခဲ့တာ
ကြောင့် အစိုးရရှေ့နေတွေဘက်က ပြန်လည်ချေပချက်
တွေကို ပေးပို့ခဲ့တာအခုဆိုရင် ၉ ကြိမ်ရှိခဲ့ပါပြီ်။ ဒါပေမယ့်
ကျေနပ်လောက်တဲ့ပြန်လည်ချေပချက်တွေမရခဲ့တဲ့အ
တွက်တရားရုံကနေ နိုဝင်ဘာ ၁၀ရက် နေ့ကိုနောက်ဆုံး
ထားချေပခွင့်ပေးဖို့ ဆုံးဖြတ်ထားတဲ့အကြောင်း တရားခံ
တွေရဲ့အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့်က
ပြောပါတယ်။
အစိုးရရှေ့နေတွေဘက်ကနေ ချေပချက်တွေက
လုံလောက်မူမရှိဘူးလို့ အယူခံတရားရုံးကနေ
ဆုံးဖြတ်မယ်ဆိုရင်တော့ တရားခံရှေ့နေတွေရဲ့
အယူခံချက်က အလားအလာကောင်းနိုင်ပြီး ဆုံးဖြတ်
ချက်တစ်ခုခုကို ချမှတ်ဖွယ်ရှိနေတယ်လို့လည်း
ရှေ့နေဦးအောင်မျိုးသန့်ကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ မေလ ၂၃ ရက်နေ့တုန်းကတော့
တရားခံအကျိုးဆောင်ရှေ့နေတွေရဲ့အယူခံတင်ပြတဲ့
စာရွက်စာတမ်းတွေကို အယူခံတရားရုံက လက်ခံခဲ့
တာပါ။ ဒီနောက်မှာတော့ ခိုင်လုံတဲ့အချက်တွေရဖို့
ပြန်လည်ချေပနိုင်ဖို့အတွက် အစိုးရရှေ့နေတွေကို
အပြန်အလှန်မေးခွန်းထုတ်ပြီး အချက်အလက်တွေ
တောင်ဆိုနေတာ ၉ ကြိမ်ရှိသွာပြီဖြစ်ပါတယ်။
မြန်မာရွေ့ပြောင်းအလုပ်သမား ခန့်မှန်းခြေ ၄၀၀၀
လောက် အလုပ်လုပ်ကိုင်နေတဲ့ လိပ်ကျွန်းမှာ
၂၀၁၄ ခုနှစ် စက်ဘင်ဘာ ၁၅ ရက်နေ့က လူသတ်မူ
ဖြစ်ပွားပြီး ရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးခံထားရတဲ့
မြန်မာလူငယ် ၂ ယောက် ကတော့ သတ်ဖြတ်မူ
ကျူးလွန်ကြောင်း အစောပိုင်းမှာတော့ဝန်ခံပြောဆို
ပေမယ့် နောက်ပိုင်းမှာတော့ နှိပ်စက်မူတွေကြောင့်
ဖြောင့်ချက်ပေးခဲ့တာဖြစ်ကြောင်းတရားရုံးမှာ ထွက်ဆို
ခဲ့တာပါ။ ၂၀၁၄ ခုနှစ် စက်တင်ဘာလကုန်ပိုင်းမှာ
သူသတ်မူနဲ့တရားစွဲဆိုခံထားရတဲ့ မြန်မာလူငယ်
၂ ဦးကိုတော့ တစ်နှစ်ကျော်ကြာ ထိုင်းနိုင်ငံ ကော့စမွေ
အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး ကော့စမွေ တရား
ရုံကနေအမူ ၇ မူနဲ့အမြင့်ဆုံးပြစ်ဒဏ်အဖြစ်သေဒဏ်ပေး
ခဲ့ပြီး ဘန်ခွမ်အကျည်းထောင်မှာထိန်းသိမ်းထားပါတယ်။

0 comments:

Post a Comment