+++++ Dear ….. Thank you for visiting our booth at the Myanmar Black Hacking. We hope you will have a good time and enjoyed your visit to Underground. In case we won't answer some of your questions about our Real Info, we encourage you to visit our website at www.myanmarblackhacking.com +++++ It will give you a good idea of what we can do for +++++

Sep 23, 2016

0 ၂၀၁၄ တိုက်ခိုက်မှုတွင် account သန်း ၅၀၀ ခန့် ခိုးယူခံခဲ့ရကြောင်း Yahoo အတည်ပြုပြောကြား



အစိုးရမှ ကျောထောက်နောက်ခံပြုထားသော အဖွဲ့အစည်းတစ်ခုက သုံးစွဲသူများ၏ အီးမေးလ်လိပ်စာများ၊ မွေးနေ့နှင့် password များကို ခိုးယူသွားခဲ့ကြောင်း Verizon မှ ဝယ်ယူထားသော Yahoo က ပြောကြားခဲ့သည်။
ဟက်ကာများသည် သုံးစွဲသူများ၏ တစ်ကိုယ်ရေအချက်အလက်များပါဝင်သော Yahoo account ဘီလျံဝက်ခန့်ကို ခိုးယူခဲ့သဖြင့် သမိုင်းတွင် အကြီးမားဆုံး အချက်အလက်ပေါက်ကြားမှုဖြစ်လာခဲ့သည်။
ယခုတိုက်ခိုက်မှုသည် ၂၀၁၄ ခုနှစ်တွင် ဖြစ်ပွားခဲ့ပြီး သုံးစွဲသူများ၏ အမည်များ၊ အီးမေးလ်လိပ်စာများ၊ ဖုန်းနံပါတ်များ၊ မွေးနေ့နှင့် လုံခြုံရေး မေးခွန်းနှင့် အဖြေများလည်း ပေါက်ကြားထွက်ပေါ်ခဲ့ကြောင်း Yahoo က ထုတ်ပြန်ခဲ့သည်။ ထို့အပြင် လူတစ်ဦးတည်းသာ passcode အမှန်ကို မြင်တွေ့နိုင်သော Encrypted password များလည်း ခိုးယူခံခဲ့ရကြောင်း သိရသည်။
Yahoo အနေဖြင့် ဥပဒေဘက်တော်သားများနှင့်အတူ လက်တွဲလုပ်ကိုင်လျက်ရှိကြောင်း ပြောကြားခဲ့သလို ဟက်ကာများကို အစိုးရကျောထောက်နောက်ခံရှိသော အဖွဲ့အစည်းဟု ခေါ်ဆိုသွားခဲ့သည်။ သို့သော်လည်း ၎င်းအဖွဲ့အစည်းနောက်တွင်ရှိသော နိုင်ငံကိုမူ မပြောကြားခဲ့ပေ။
Yahoo သည် ၂၀၁၄ ခုနှစ်နောက်ပိုင်းတွင် password မပြောင်းလဲရသေးသူများကို ပြောင်းလဲရန် တိုက်တွန်းထားသည်။ Yahoo ၏ အင်တာနက်ဝန်ဆောင်မှုများကို လစဉ်သုံးစွဲသူ ၁ ဘီလျံရှိပြီး အီးမေးလ်ဝန်ဆာင်မှုကို လစဉ်အသုံးပြုသူ ၂၂၅ သန်းရှိကြောင်း သိရသည်။
ယခုဖြစ်ရပ်သည် ဆိုက်ဘာတိုက်ခိုက်မှုပျံ့နှံ့လျက်ရှိကြောင်းကို ဖော်ပြနေသလို password များ၏ အားနည်းချက်ကို မီးမောင်းထိုးပြနေသည်။ သုံးစွဲသူများအနေဖြင့် အင်တာနက်ပေါ်ရှိ account တစ်ခုစီတွင် မတူညီသော password အသုံးပြုရန် ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူများက အကြံပြုထားသည်။ အခြားပညာရှင်များအနေဖြင့် password နေရာတွင် လက်ဗွေ သို့မဟုတ် မျက်ကြည်လွှာကဲ့သို့သော ဇီဝစနစ်များ အသုံးပြုနိုင်ရန် ကြိုးပမ်းနေကြသည်။
Ref: Internet Journal

0 comments:

Post a Comment