ပင်တဂွန် စစ်ဌာနချူပ် အတွင်းရေးမှူး
Ash Carter က အမေရိကန် ကာကွယ်ရေး ၀က်ဆိုက်၏ အားနည်းချက်များ ရှာဖွေပေးခဲ့မှုအတွက် ၀ါရှင်တန်
ဒီစီမှ David Dworken အား ကျေးဇူးတင်ကြောင်းသိရသည်။ အမေရိကန် ကာကွယ်ရေးဌာနမှ အသစ်ဖွဲ့စည်းထားသော
Defence Digital Service (DDS) ဌာနမှ ကြီးမှူးကျင်းပသော “Hack the Pentagon ” အမည်ရှိ
Bug ရှာဖွေသည့် ပြိုင်ပွဲအား ၁၈ နှစ်အရွယ် အထက်တန်း ကျောင်းသားတစ်ဦး ဖြစ်သူ
David မှ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
ထို ပြိုင်ပွဲ၏ ရည်ရွယ်ချက်မှာ Hacker များအား
ဖိတ်ခေါ်ပြီး ကာကွယ်ရေးဌာန၏ ၀က်ဆိုက်အား ဆိုက်ဘာလုံခြုံရေးအတွက်
စမ်းသပ်ရန်ဖြစ်သည်။ ပါဝင် ယှဉ်ပြိုင်သူ ၁၄၀၀ ကျော်တို့ဖြင့် “Hack the Pentagon” စီမံကိန်းအား ယခုနှစ်အတွင်း
စတင်ခဲ့ကြသည်။
ပါဝင်ခဲ့သူများမှ အားနည်းချက်ပေါင်း
1,189 ခုရှာဖွေတွေ့ရှိခဲ့ပြီး ထိုထဲမှ 138 မျိုးအား တရားဝင် အစီအရင်ခံခဲ့သည်ဟု ပင်တဂွန်မှ
ပြောခဲ့သည်။ Dworken မှ အားနည်းချက်ယိုပေါက် 6 ခုအားအစီအရင်ခံခဲ့သည်။ ထို စီမံကိန်း၏
ခေါင်းဆောင်ဖြစ်သူကလည်း April 18, 2016 မှ May 12, 2016 အတွင်း Website အား ကန့်သတ်ခဲ့ပြီး
Hacker များအနေဖြင့်လည်း တချို့အပိုင်းနေရာများအား အသုံးပြုခွင့် မရခဲ့ပေ။
“Black Hacker တွေက ကျွန်တော်တို့
Network ကို ထိုးဖောက်ဝင်ရောက်ပြီး စိန်ခေါ်ချင်နေတာ သိပါတယ်။ ဒါကြောင့်ပဲ Pilot က ဒီထဲမှာ
White Hacker တွေ ဘယ်လောက်ပါလဲ ဘယ်လို မတူထူးခြားတာတွေ လုပ်နိုင်မလဲဆိုတာ သိချင်လို့
လုပ်ပိုင်ခွင့်ကို အပြည့်မပေးလိုက်တာပါ ” ဟု အခမ်းအနားတစ်ခုတွင် Carter မှ ပြောကြားခဲ့သည်။
ထိုအခမ်းအနားတွင် Carter က Stratum Security မှ လုံခြုံရေးအကြံပေးပုဂ္ဂိုလ်ဖြစ်သူ
Craig Arendt အားကျေးဇူးတင်ကြောင်း ထပ်မံပြောကြားခဲ့သည်။
David ဟာ US ကာကွယ်ရေးဌာန၏ ၀က်ဆိုက်ဒ်အား
Crack Down ပြုလုပ်ရန်အတွက် အခန်းထဲတွင် ၁၀ နာရီမှ ၁၅ နာရီကြား သူရဲ့ လက်တော့နဲ့ အချိန်ကုန်ခဲ့ရသည်။
ဒါပေမယ့် သူဟာ Website ရဲ့ Information တွေကို ခိုးယူပြီး Website အား Hacker များမှ
ထိန်းချုပ်နေနိုင်သည့် အားနည်းချက်တွေကို ရှာတွေ့ခဲ့ပါတယ်။
“ဒါက တကယ့်ကို ကောင်းမွန်တဲ့ စမ်းသပ်မှုကြီးတစ်ခုပါဘဲ
ကျွန်တော်က ဒီ Bug ရှာဖွေတဲ့စီမံကိန်းကို စတင်တာနဲ့ ပိုပိုပြီး စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ် ရှာတွေ့ခဲ့တာနဲ့ ဆုချီးမြင့်တာရခဲ့ပါတယ် ” ဟု
David ကအခြေအနေ ကိုပြောပြပါတယ်။
“ဆုကြေးရချင်တာကြောင့် လုပ်တာလည်းပါသလို Online ရန် ကနေ Data တွေကိုကာကွယ်ဖို့ လုပ်ခဲ့တာလည်း
ပါပါတယ်။ ဘာပဲဖြစ်ဖြစ်လေ ဒီလိုလုပ်တာက တကယ့်ကို အကျိုးရှိတဲ့ အရာတစ်ခုပဲ ” ဟု ထပ်လောင်း
ပြောကြားခဲ့သည်။ David ဟာ လွန်ခဲ့တဲ့ တနင်္လာနေ့ကမှ ၀ါရှင်တန် ဒီစီ Maret အထက်တန်းကျောင်းကနေ
ဘွဲ့ရရှိထားတဲ့ ကျောင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ သူက အားနည်းချက် ၆ ခုကို ရှာတွေ့ခဲ့ပါတယ်။
ဒါပေမယ့် သူ ဆု မရရှိပါဘူး ဘာလို့လဲဆိုတော့ အဲ့ဒီ အားနည်းချက်တွေက သူများအရင်ရှာတွေ့ထားတဲ့
အားနည်းချက်တွေ ဖြစ်နေလို့ပါပဲ။ ဘာပဲဖြစ်ဖြစ် သူအနေနဲ့ နောက်ထပ်ဖြစ်နိုင်ချေရှိတဲ့
အကြောင်းအရာတွေကို တွေ့ရှိခဲ့လို့ပါပဲ ။
David ဟာ သူရဲ့ အနာဂတ် ပညာရေးနဲ့ ပက်သက်၍
Northeastern University မှာ ကွန်ပျူတာ သိပံ္ပဘာသာရပ်အား ဆက်လက်လေ့လာမယ့် အစီအစဉ် ရှိပါတယ်လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး သူရဲ့ Website အားနည်းချက် ရှာဖွေတဲ့
အတွေ့အကြုံနှင့် ပက်သက်၍ မေးမြန်းခဲ့ရာ သူ ၁၀ တန်း ကျောင်းသားဘ၀က သူ့ကျောင်း
Website ရဲ့ Bug ကိုရှာခဲ့တာဟာ ပထမဆုံးအတွေ့အကြုံဖြစ်ပါတယ်လို့ သိရှိရပါတယ်။
ပင်တဂွန်က ယခု Pilot Project အတွက် အမေရိကန်
ဒေါ်လာ တစ်သိန်းခွဲ ($150,000)ခန့် သုံးစွဲထားတယ်လို့သိရ ပါတယ်။ ထို ဒေါ်လာငွေ တစ်သိန်းခွဲထဲကမှ
အောင်မြင်သွားခဲ့သော Hacker များအား ဆုချီးမြှင့်ခဲ့သည်မှာ ဒေါ်လာ ၇ သောင်းခွဲ
($75,000) ခန့်ရှိသွားပြီဟုသိခဲ့ရပါတယ်။ ဒီ Project မှာ တစ်ခြားသူများမှလည်း Bugs ကို
အစီအရင်ခံနိုင်ရန် ပြုလုပ်ထားသော ဖြစ်စဉ်တစ်ခုလည်း ပါဝင်ပါတယ်။ စာချစ်သူများလည်း ပါဝင်ယှဉ်ပြိုင်ချင်တယ်ဆိုရင်တော့
ပေးထားသော Links များတွင် မှတ်ပုံတင်ပြုလုပ်ပြီး ကြိုးစားကြည့်နိုင်ပါတယ်။
12-7-2016
သတင်းစီစဉ် တင်ဆက်သူ - bel0 (MEHN
Team)
0 comments:
Post a Comment