ရုရှားဟက်ကာတစ်ဦးသည် နာမည်ကျော် အီးမေးလ်ဝန်ဆောင်မှုအချို့မှ account သန်းပေါင်းများစွာ ခိုးယူပြီး ၁ ဒေါ်လာဖြင့် ရောင်းချရန် ကြိုးပမ်းခဲ့ကြောင်း Reuters မှ ဖော်ပြခဲ့သည်။
အမည်မဖော်ပြသော ဟက်ကာကို dark web forum တစ်ခုပေါ်တွင် ၎င်း၏ account များကို ကြော်ငြာနေစဉ် Hold Security သုတေသီများက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ Hold မှ သုတေသီများသည် အချက်လက်များ မှန်ကန်ကြောင်း သက်သေပြသရန် တောင်းဆိုခဲ့ပြီးနောက် ငွေကြေးကိစ္စ ညှိနှိုင်းရာတွင် ဟက်ကာက ရူဘယ် ၅၀ (၁ ဒေါ်လာခန့်) ဖြင့်သာ ရောင်းချမည်ဟု ပြောကြားခဲ့သည်။
သို့သော်လည်း ရုရှားတွင် နာမည်အကျော်ကြားဆုံးဖြစ်သော VKontakte
လူမှုရေးကွန်ရက်ရှိ ဟက်ကာ၏ စာမျက်နှာကို ထောက်ခံချက်ပေးရန် သုတေသီများနှင့်
သဘောတူညီမှုရရှိခဲ့ပြီးနောက် ဟက်ကာက အချက်အလက်များကို ပေးအပ်ခဲ့သည်။
အဆိုပါအချက်အလက်များတွင် ရုရှား၏ အကျော်ကြားဆုံး အီးမေးလ်ဝန်ဆောင်မှုဖြစ်သော Mail.ru ထံမှ account ၅၇ သန်းအပြင် Yahoo Mail မှ သန်း ၄၀၊ Hotmail မှ ၃၃ သန်းနှင့် Gmail မှ ၂၄ သန်းပါဝင်ကြောင်း Hold Security မှ အဲလက်စ်ဟိုဒန်က ပြောကြားသည်။ တရုတ်နှင့် ဂျာမနီမှ အခြား အီးမေးလ်ဝန်ဆောင်မှုများမှာလည်း ၎င်းအချက်အလက်စာရင်းတွင် ပါဝင်ကြောင်း သိရသည်။
အထက်ပါဖြစ်ရပ်သည် လွန်ခဲ့သည့်နှစ်နှစ်က အမေရိကန်ဘဏ်များနှင့် လက်လီအရောင်းဆိုင်များ ဆိုက်ဘာတိုက်ခိုက်မှုနှင့် ကြုံတွေ့ရပြီးနောက် အချက်အလက်အများအပြားခိုးယူခံရသည့် ဖြစ်ရပ်များအနက် တစ်ခုအပါအဝင်ဖြစ်သည်။
Ref: TechInsider
Credit - Internet Journal

0 comments:
Post a Comment