+++++ Dear ….. Thank you for visiting our booth at the Myanmar Black Hacking. We hope you will have a good time and enjoyed your visit to Underground. In case we won't answer some of your questions about our Real Info, we encourage you to visit our website at www.myanmarblackhacking.com +++++ It will give you a good idea of what we can do for +++++

Oct 2, 2015

0 Metasploit လမ်းညွှန်


metasploit ဆိုတာပွင့်နေတဲ့ port တွေကနေတဆင့် ယိုပေါက်တွေကို exploit လုပ်လို့ရတဲ့ Tool တစ်ခုပါပဲ့
သူဟာအရမ်းကိုကောင်းမွန်တဲ့ tool တစ်ခုပဲ့ဖြစ်ပြီး မြင်းရိုင်းတစ်ကောင်လိုပဲ့ထိန်းချုပ်ဖို့ခက်ပါတယ် ဒါကြောင့် သေချာသုံးတတ်ဖို့လိုပါတယ်

Vulnerable ဆိုတာဘာလဲ?
Vulnerable ဆိုတာ software ရဲ့ တစ်စိတ်တစ်ပိုင်းပဲ့ဖြစ်ဖြစ် hardware သို့ Operating System ပဲ့ဖြစ်ဖြစ် security အားနည်းချက်ကြောင့်ဖြစ်ပေါ်လာတဲ့ အရာ ဖြစ်ပါတယ်။
ဒါကြောင့် အဲဒီအားနည်းချက်တွေကိုအသုံးပြုပြီး ကျွန်တော်တို့တိုက်ခိုက်နိုင်ပါတယ် Vulnerable အားလုံးကတော့ dangerous မဖြစ်နိုင်သလို အဲဒါတွေအားလုံးကိုလည်း exploit လုပ်လို့မရပါဘူး
Dateout သို့ Update မဖြစ်တဲ့ Application, Operating System , Hardware တွေမှာပဲ့ Vulnerabilities ကိုတစ်ခါတစ်ရံတွေနိုင်ပါတယ်။
အခုဆိုရင် exploit ဆိုတာဘာကိုဆိုလိုလဲဆိုတာနားလည်လောက်ပါပြီ OK. ဒါဆိုရင် Exploit ဆိုတာကရောဘာလဲ?


exploits ဆိုတာဘာလဲ ?
exploits ဆိုတာ သေသေချာချာပြုလုပ်ထားတဲ့ program အသေးလေးတွေကို ဆိုလိုတာပါ၊ ( exploits ကို metasploit အထဲမှကြည့်ရန် ) အဲဒါက metasploit အထဲမှာထည့်သွင်းပြီးသားဖြစ်ပါတယ်
ဒါဆိုသုံးရတဲ့အဓိကရည်ရွယ်ချက်ကတော့ payload အသုံးပြုပြီး Attacker က vulnerable ပေါ်မှာ ထိန်းချုပ်နိုင်ဖို့အတွက်ပါ။
Metasploit ကိုကောင်းတယ်လို့ပြောတာကလည်း Exploits အများကြီးကိုအဲဒီထဲမှာအဆင်ပြေအောင်ထည့်သွင်းထားလို့ပါပဲ့။ နောက်ပိုင်းမှာ အဲဒီ exploits တွေကိုဘယ်လိုသုံးရတယ်ဆိုကိုရှင်းပြပေးပါမယ်
ဒါဆို Payload ကရောဘာလဲ?


Buffer Overflow

Buffer Overflow ဆိုတာ exploit လုပ်ရာမှာအသုံးများတဲ့နည်းတစ်ခုပါ။ အဲဒါကဘယ်လိုအလုပ်လုပ်လဲ?
နည်းနည်းစိတ်ကူးယဉ်ကြည့်ရအောင် ဖန်ခွက်နဲ့ဝိုင်တစ်လုံးရှိတယ် ခင်ဗျားကရေဆာနေလို့ဝိုင်ကိုခွက်ထဲထည့်လိုက်တယ် အဲဒီအချိန်မျာ ဖန်ခွက်မှာဝိုင်တွေထည့်တာများပြီးလျှံကျသွားတယ်
အဲလိုအမျိုးအခြေအနေကို buffer overflow ဖြစ်တယ်လိုခေါ်ပါတယ်
program သို့ file တွေဟာ buffer ဆီ data တွေထည့်တဲ့အခါ ဖြစ်တတ်ပါတယ် သိမ်းဆည်းနိုင်တဲ့ပမာဏကိုကျော်လွန်ပြီး လျှံကျတာမျိုးပါ
အဲဒါအခါကျရင်ဘေးနားကလပ်နေတဲ့ data ပေါ်မှာ overwrite ဖြစ်ပါတယ် ဒီနည်းလမ်းနဲ့ ကျွန်တော်တို့က malicious part ကိုလုပ်ဆောင်နိုင်ပါတယ်


payload ဆိုတာဘာလဲ?
payload ဆိုတာ exploit တွေကို deliver လုပ်တာပါ Remote System ကိုထိန်းချုပ်ဖို့အတွက်အသုံးပြုရပါတယ်
သူက system ထဲကိုဝင်သွားပြီးတော့ သူရဲ့ exploit code တွေကို system ထဲမှာချန်ထားခဲ့တယ် လူအသုံးအများဆုံးနဲ့လူသိများတဲ့ payload တစ်ခုကတော့ meterpreter ပါ
metapreter မှာလုပ်ဆောင်နိုင်တဲ့ feature တွေအများကြီးပါပါတယ် အဲဒါကိုသုံးပြီး system ထဲကဖိုင်တွေကိုယူကြည့်လို့ရပါတယ် ပြီးတော့ download , upload , capture keystrokes, take screenshots, open DOS အကုန်လုံးကိုလုပ်ဆောင်နိုင်ပါတယ်
ပထမအဆင့်အောင်မြင်မှုကတော့ နည်းရင်နည်းလိမ့်မယ် မလေ့လာပဲ့နဲ့သင်ယူလို့မရပါဘူး မင်းဘာကြောင့်အသက်ရှင်နေတာလဲ ကိုယ်ဟာကိုယ်မေးခွန်းထုတ်ပြီးအဖြေရှာလိုက်ပါ
ဒါကိုမစဉ်းစားခင် metasploit အကြောင်းနည်းနည်းဆက်ပြောရအောင်



Metasploit 

Metasploit ထဲမှာရှိတဲ့ exploit အားလုံးကို ruby နဲ့ရေးထားတာပါ ပြီးတော့ interface လေးခုရှိတယ်
1.MsfCli
2.MsfConsole
3.MsfGui
4.Armitage

Metasploit ကို Linux နဲ window နှစ်ခုစလုံးမှာအသုံးပြုနိုင်ပါတယ် biggrin
Windows -Download it here.
Backtrack or Kali အသုံးပြုပါ အဲဒီ OS နှစ်ခုလုံးကို Pentesting အတွက်ရည်ရွယ်ထားတာပါ အံသြစရာ tools တွေအများကြီးပါပြီး အဲဒါတွေကို ကျွန်တော်တို့အပြည့်အဝအသုံးပြုနိုင်ပါတယ်

အပိုင်း(၂) စောင့်မျှော်ရန် ( အဲဒါကို MSF Premium Hacking Tutorials Section ထဲမှာထည့်ထားပါတယ် )
piratepiratepiratepirate
Thanks for reading...


Share From MSF ( Myanmar Security Forum ) 


 

0 comments:

Post a Comment