+++++ Dear ….. Thank you for visiting our booth at the Myanmar Black Hacking. We hope you will have a good time and enjoyed your visit to Underground. In case we won't answer some of your questions about our Real Info, we encourage you to visit our website at www.myanmarblackhacking.com +++++ It will give you a good idea of what we can do for +++++

Oct 26, 2015

0 Java နှင့် စတင်မိတ်ဆက်ခြင်း


Object-Oriented Programming language တစ်ခုဖြစ်တဲ့ Java ကို Sun Microsystem မှ 1991 June မှာ set-top box projects အတွက် James Gosling က တီထွင်ခဲ့တယ်လို့ သိရပါတယ်။ ပထမဆုံး အမည်မှာ 0ak ဖြစ်ပြီး Sun Microsystem office ရဲ့အပြင်ဖက်မှာပေါက်နေတဲ့ ၀က်သစ်ချပင်ကြီးကို အစွဲပြု၍ ခေါ်တွင်ခဲ့သည်ဟု သိရပါတယ်။

syntax တည်ဆောက်ပုံကတော့ C & C++ တို့နဲ့ဆင်တူပါတယ် ။ Platform အပေါ်မှီခိုမှုမရှိတဲ့ Java virtual Machine ကြောင့် Java ဟာ Write Once Run Anywhere (WORA) တစ်ကြိမ်ရေး မည်သည့် Operating System တွင်မဆို သုံးနိုင်သည်ဟုဆိုပါတယ် ။ အများပြည်သူ အသုံးပြုနိုင်ရန်အတွက်Java 1.0ကို ၁၉၉၅ မှာစတင်ထုတ်လုပ်ခဲ့ပါတယ် ။Javaရဲ့ အဓိကအကျိုးကျေးဇူး ၄ ခုရှိတယ်လို့ဆိုတယ် ။
၁။ Object-Oriented ဖြစ်ခြင်း
၂။ Platform မှီခိုမှုမရှိခြင်း
၃။ကွန်ယက်ဆက်သွယ်မှုအတွက် Libraries များနှင့် Language facitilites များပါရှိခြင်း
၎။Remote Sources များမှ လုံခြုံစွာ execute လုပ်နိုင်ရန်တည်ဆောက်ထားခြင်း

Java Platform အကြောင်း

အရှင်းဆုံးပြောရရင် Java Platform ဆိုတာ Java Programming Language နဲ့ရေးထားတဲ့ Application တွေ run နိုင်အောင် ထောက်ပံ့ပေးတဲ့ Development Tools တွေ စုထားတဲ့ အစုအဖွဲ့ တစ်ခုပဲ ဆိုပါတော့။ Hardware-based Platform တွေအပေါ်မှာ Run တဲ့ Software-Only Platform လို့ပြောပါတယ်။ ဒီ့အပြင် Vitual Machine လို့ခေါ်တဲ့ Execution Engine တစ်ခုရယ် ၊အသင့် ရေးထားပေးတဲ့ code တွေပါတဲ့ Class Libraries တွေ ပြီးတော့ Java Programming Language ရယ်ပေါင်းပြီး Java Platform လို့ခေါ်တယ်လို့ဆို ပါတယ် ။

Software တွေ ရေးသားတဲ့ အခါအသုံးပြုတဲ့ Platform ကြီးနှစ်ခုထဲမှာ Java ဟာလည်း တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ နောက်တစ်ခု ကတော့ Microsoft .Net Platform ပဲဖြစ်ပါတယ်။ ကျွန်တော် ကတော့ Java ကိုပဲ စိတ်ဝင်စားတဲ့ အတွက် Java အကြောင်းပဲ သိအောင်ကြိုးစားပါတယ်။
တိတိကျကျပြောရရင် Java Platform ကို အပိုင်းသုံးပိုင်းနဲ့ဖွဲ့စည်းထားပါတယ် ။
1. Java Programming language
2. Java Virtual
3. Application Programming Interfaces(APIs)

ပြီးတော့ Java Platform ကို Edition သုံးပိုင်းခွဲထားပြန်ပါသေးတယ် ။

1. Java Platform Standared Edition(J2SE or Java SE)
2. Java Platform Enterprise Edition (J2EE or Java EE)
3. Java Platform Micro Edition (J2ME or Java ME)
Standard Edition ကို Destop computer များတွင် အသုံးပြုရန် အတွက်ရည်ရွယ်ပြီး ထုတ်လုပ် ခြင်းဖြစ်ပါတယ် ။ Enterprise Edition ကို Internet ကိုအခြေခံတဲ့ Server-side Computing များအတွက် Micro Edition ကို Mobile phone ကဲ့သို့သောသေးငယ်တဲ့ Electronic Device များအတွက်ရည်ရွယ်ပါတယ် ။

Java Platform ကို Product ပုံစံနှစ်မျိုးနဲ့ ထုတ်လုပ်ပါတယ်တဲ့ ။

1. Java Runtime Enviroment (JRE)
2. Java Development Kit (JDK)

Java Runtime Enviroment ဆိုသည်မှာ Java language ဖြင့်ရေးထားသော Application များနဲ့ Applet များကို run ပေးနိုင်ရန် အတွက်လိုအပ်တဲ့ Component များပါဝင်ပြီးCompiler & Debugger ကဲ့သို့သော tools & utilities များမပါဝင်တဲ့ Sun ရဲ့ ထုတ်ကုန်တစ်ခုဖြစ်ပါတယ် ။
Java Development Kit ဆိုသည်မှာ JRE မှာပါဝင်တဲ့ component များအားလုံး ပါဝင်သည့်အပြင် Compiler & Debugger ကဲ့သို့သော Tools & Utilities များ ထပ်ပေါင်းထည့်ထားတဲ့ Sun ၏ ထုတ်ကုန် တစ်မျိုးပင် ဖြစ်သည် လို့ဆိုကြပါတယ် ။

Machine Language တွေနဲ့ရေးသာထားတဲ့ ရိုးရှင်းတဲ့ ညွှန်ကြားချက်တွေကို CPU မှတိုက်ရိုက် execute လုပ်နိုင်ပါတယ်တဲ့ ….။ဒါပေမယ့် Program အများစုကို High-Level programming များဖြစ်ကြတဲ့ Java, Pascal,C++ စတာတွေနဲ့သာ ရေးသား ကြတာတွေ့ရပါတယ် …။ High-level programming တွေနဲ့ရေးထားတဲ့ programs တွေကိုတော့ Computer CPU ကတိုက်ရိုက် execute လုပ်နိုင်ခြင်းမရှိပါဘူး ..။ အရင်ဆုံးသူတို့ကို computer ကနားလည်တဲ့ Machine language အဖြစ်ပြောင်းပေးဖို့ လိုအပ်ပါတယ် …။ဒီလို ပြောင်းလဲခြင်းကို compiler လို့ခေါ်တဲ့ program နဲ့ပြုလုပ်ရပါတယ်လို့ ဆိုပါတယ်…။ဒီလို High-level program ကနေစက်ကနားလည်တဲ့ executable machine-language အဖြစ်ပြောင်းလဲခြင်း ကို compile လုပ်တယ်လို့ခေါ်ပါတယ် …။

ထိုသို့ compile လုပ်တဲ့အခါမှာ compiler ကနေ object code လို့ခေါ်တဲ့ executable file (.exe) ကို ထုတ်ပေး ပါတယ် …။ တစ်ကြိမ် compile လုပ်ထားပြီးတဲ့ program ကိုနောက်တစ်ကြိမ်ထပ်ပြီး compile လုပ်စရာမလိုပဲ အကြိမ်ပေါင်းများစွာသုံးနိုင်ပါတယ်တဲ့ …။ ဒါပေမယ့် compile လုပ်ထားတဲ့ computer မှာပဲသုံးလို့ရမှာပါ …။ နောက်ထပ် platform မတူတဲ့ computer မှာသုံးချင်ရင်တော့ နောက်ထပ် သုံးချင်တဲ့ computer မှာ နောက်ထပ်compiler တစ်ခုနဲ့ compile ပြန်လုပ်ရမှာဖြစ်ပါတယ် …။

Java ဟာ compilation ရော interpertation ရော နှစ်မျိုးလုံးလုပ်ဆောင်တဲ့ Language တစ်ခုပါ …။ Java Language နဲ့ရေးထားတဲ့ program တစ်ခုကို Java compiler နဲ့ compile လုပ်ပြီးတဲ့အခါမှာ object code (.exe ) executable file ကိုရရှိမှာမဟုတ်ဘဲ byte code(.class) binary file ကိုသာထုတ်ပေးမှာဖြစ်ပါတယ် …။ byte code ကို computer CPU ကနေတိုက်ရိုက် execute လုပ်နိုင်ခြင်းမရှိပါဘူး ..။၎င်း byte code ကို execute လုပ်ပေးမှာက Java Virtual Machine ပဲဖြစ်ပါတယ် ..။ Real machine အတွက် Machine language ကို Object code လို့ခေါ်သလို Java Virtual Machine အတွက် Machine Language ကို Byte code လို့လည်း ခေါ်လို့ရပါတယ် …။ ၄င်း Java Virtual Machine (JVM) ကို platform အမျိုးအစား မတူညီတဲ့ Computer တော်တော်များများ အတွက်ရနိုင်ပါတယ် ..။ ဒါကြောင့်တစ်ကြိမ် compile လုပ်ထားပြီးတဲ့ Java byte code ကိုမတူညီတဲ့ နောက်ထပ် JVM ရှိသည့် မည်သည့် computer မှာမဆိုထပ်မံ compile လုပ်စရာမလိုပဲသုံးနိုင်ပါတယ် ..။ဥပမာအားဖြင့် Mircosoft windows platform computer မှာ compile လုပ်ထားတဲ့byte code ကို JVM ရှိတဲ့Apple ရဲ့ Mac OS မှာပင်ဖြစ်စေ JVM ရှိတဲ့ Linux platform computer မှာပင်ဖြစ်စေထပ်မံ compile မလုပ်ပဲသုံးနိုင်ပါတယ် …။

Interface ဆိုတာ ဆက်သွယ်မှု နယ်ပယ် တစ်ခုပဲဖြစ်တယ် ။ ဥပမာအားဖြင့် Software နဲ့ Hardware တို့ကြား ဆက်သွယ်မှုနယ်ပယ် ပြီးတော့ Software နဲ့ အသုံးပြုသူ တွေကြား ဆက်သွယ်မှုနယ်ပယ် တို့ကို Interface လို့ခေါ်ပါတယ်တဲ့ ..။ Computer နဲ့ လူတို့အကြား ဆက်သွယ်မှု ကို user interface လို့ခေါ်ပြီး Hardware အစိတ်အပိုင်း တွေကြားဆက်သွယ်မှု ကိုတော့ Physical Interface လို့ခေါ်ပါတယ် …။
Java ရဲ့ Application Programming Interface အကြောင်း

Java ရဲ့ API ကိုဘာတွေနဲ့ဖွဲ့စည်းထားသလဲ ?
အဓိကအပိုင်းသုံးပိုင်းနဲ့ဖွဲ့စည်းထားပါတယ် ..။

(၁)Deployment Technologies တွေဖြစ်တဲ့
Deployment ,Java Web Start ,Java Plug in စတာတွေရယ် ..
(၂)User Interface Toolkit တွေဖြစ်တဲ့
AWT,Swing နဲ့ Java 2D API တွေ ပြီးတော့ ..
(၃)Libraries တွေစတာတွေနဲ့ဖွဲ့စည်းထားပါတယ် …။

Libraries မှာလည်း

(၁)Lang & Util based libraries နဲ့
(၂)Other based libraries ဆိုပြီးခွဲခြားနိုင်ပါသေးတယ် ..။

ဖော်ပြပါ API များနှင့် JVM နှစ်ခုပေါင်းကို JRE ( Java Runtime Environment ) အဖြစ်
သတ်မှတ်ပြီးJava programming Language နှင့် Tools & Tools API နှင့် JRE စတာတွေကိုပေါင်းပြီး Java Development Kit ( JDK ) အဖြစ်သတ်မှတ် ကြကြောင်း မှတ်သားခဲ့ဖူးပါသည် ..။
 

MMSO site လေးမှာကူးယူတင်ပြသည်။

0 comments:

Post a Comment