+++++ Dear ….. Thank you for visiting our booth at the Myanmar Black Hacking. We hope you will have a good time and enjoyed your visit to Underground. In case we won't answer some of your questions about our Real Info, we encourage you to visit our website at www.myanmarblackhacking.com +++++ It will give you a good idea of what we can do for +++++

May 13, 2015

1 World Hacker Real History ( ကမ္ဘာဦးဟက်ကာ သမိုင်းကြောင်း )



ဒီနေ့တော့ Hacker ဆိုတဲ့ ကိစ္စအကြောင်းနည်းနည်းပြောပါရစေ နည်းပညာအရမ်းတိုးတက်နေတဲ့ ခေတ်ကြီးမှာ Hacker ဆိုတာ လူတိုင်းသိပါတယ် အဲ အဲ့ဒီ့ Hacker ဆိုတာ ဘာလဲလို့မေးလိုက်ပါ ကျုးကျော်ဝင်ရောက်သူ ထိုးဖောက်ဝင်ရောက်သူ ပြဿနာရှာသူ လို့ဖြေကြပါလိမ့်မယ် သူခိုးလို့မဖြေရင်တောင် ကံကောင်းတယ် မှတ်ရမယ် ဒီလိုဖြေတဲ့လူတွေကိုလည်း မှားတယ်လို့မပြောနိုင်ပါဘူး ဘာကြောင့်လဲဆိုတော့ သတင်းတွေ မီဒီယာတွေမှာ တွေ့ ရတဲ့ လူမျိုးတွေကို ဟက်ကာလို့ အဓိပ္ပာယ်သတ်မှတ်ကြလို့ပါ
Hacker ရဲ့  အဓိပ္ပာယ်အမှန် ကို အင်္ဂလိပ်လို မူရင်း အတိအကျပြောပေးပါ့မယ်
A hacker is someone who likes to tinker with electronics and computer system.Hackers like to explore and learn how computer system works. တဲ့ပါ ဒီစကားကို သိတဲ့လူ တချို့ တောင် ဟက်ကာရဲ့ မြစ်ဖျားခံရာကိုသိကြမယ်မထင်ဘူး
ကဲ ဒါဆို ဟက်ကာတွေရဲ့မြစ်ဖျားခံရာကို တစ်ချက်သွားကြည့်ရအောင်ဗျာ
Network Hacker ဆိုတဲ့ အသုံးအနှုန်းကို ၁၉၆၀ လောက်က စတင်ပ်ါပေါက်ခဲ့ပေမယ့် လူသိနည်းခဲ့ပါတယ် ၁၉၆၀ ပြည့်နှစ်မှာပဲ သတင်းအုပ်စုတွေ ထူထောင်ပြီး 2600:THE HACKER QUARTERLY နှင့် The alt.2600 ဆိုပြီး ရှိလာပါတယ်
၁၉၇၀ ပြည့်နှစ်လောက်ထိ White and Black က သိပ်ကွဲပြားမှုမရှိပါဘူး Black ဆိုတာမရှိတာပါ လုံခြုံရေး Hacker ဆိုတာကလည်း သိပ်ထွေထွေထူးထူးမဟုတ်လှပါဘူး
၁၉၈၃ မှာပဲ WarGames ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား ထွက်လာပါတယ် အဲ့ဒီ့ရုပ်ရှင်ကြောင့်ပဲ လူငယ်တွေကြားမှာ ဟက်ကာဆိုတဲ့စကားလုံးက တွင်ကျယ်သွားပါတယ် ဟက်ကာတွေဟာ လူတစ်ဦးချင်းစီသာမက နိုင်ငံတော်လုံခြုံရေးကိုပါ ထိပါးနိုင်ကြောင်းသတိပြုမိလာပါ

တယ် ရုပ်ရှင်နောက်ပိုင်းမှာ တကယ့်ဟက်ကာတွေပေါ်လာပါတယ် အမေရိကန်နဲ့ ကနေဒါမှာ 414 နှင့် Milweukee ဆိုတဲ့ ဟက်ကာအဖွဲ့ နှစ်ဖွဲ့ ပေါ်လာပြီး ကောင်းကောင်းကြီးဒုက္ခပေးလာပါတော့တယ် Los Alamos National Laboratory , Sloan-Kettering Cancer Center နှင့် Secutrity Pacific Bank တွေကို ထိုးဖောက်လာပါတော့တယ် မီဒီယာတွေကြားမှာ ၁၇ နှစ်အရွယ် Neal Patrick ဆိုတဲ့ လူငယ်က ဟက်ကာတွေရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ လူတစ်ယောက်ဖြစ်ပေါ်လာပါတော့တယ် ဒီအချိန်မှာပဲ ဟက်ကာ ဆိုတဲ့စကားလုံးကို မကောင်းမြင်ဖြစ်သွားပါတယ်
အဲ့ဒီ့ ၁၉၈၃ မှာ Ken Thompson ဆိုတဲ့ ပညာရှင်က Trojen Horse ကို တီထွင်လိုက်တဲ့ အခါမှာတော့ အကုန်ခေါင်းမီးတောက်ကုန်ပါတော့
တယ် ဒါပေမယ့် Thompson ဟာ သူ့ကိုယ်သူ လုံခြုံရေးဟက်ကာအမည်မခံခဲ့ပါဘူး သူဟာ 414 အဖွဲ့ ကလူငယ်တွေကို ရှုံ့ ချပြီး လူဆိုး လက်သရမ်း လို့ဆိုပါတယ် “လူငယ်တွေ ထွင်တော့ ထွင်ကြတယ် ဒါပေမယ့် ကိုယ်လုပ်တာကို ကိုယ်မှ တာဝန်ယူဖို့ သတ္တိမရှိတာပဲ “ လို့ ဝေဖန်သွားပါတယ်
၁၉၈၀ ၀န်းကျင်ဟာ ဟက်ကာ နှစ်မျိုးနှစ်စား ထိပ်တိုက်တွေ့ ကြတဲ့ ကာလလို့ဆိုနိုင်ပါတယ်
Chaos Computer Club အဖွဲ့ ဟာဆိုရင် အမေရိကန် စစ်တက္ကသိုလ်က ကွန်ပျုတာကို ဖောက်ပြီး အချက်အလက်တွေကို ဆိုဗီယက် ကိုရောင်းစားလိုက်တဲ့ အခါမှာ ဟက်ကာအဖွဲ့ အစည်းနှစ်ခုကြားမှာ သိသိသာသာ စည်းခြားသွားပြီး Black နှင့် White ဟက်ကာဆိုပြီး နှစ်မျိုးခွဲပစ်လိုက်ပါတယ်
ဒါပေမယ့် အခုအချိန်မှာတော့ Black Hacker တွေကို ဟက်ကာဆိုတဲ့ အသုံးအနှုန်းတောင် သုံးစွဲခွင့်မပြုဘဲ Cracker (Criminal Maker) ဆိုတဲ့ အသုံးအနှုန်းကိုသုံးနှုန်းလိုက်ပါ
တော့တယ်
ဒါကြောင့် အခုအချိန်မှာ ဟက်ကာဆိုတာကို သူခိုးလို့သုံးနှုန်းခွင့်မရှိေ
တာ့ဘဲ Cracker ကိုသာ သူခိုးလို့သုံးနှုန်းခွင့်ရှိပါတော့တယ်
ဘယ်လိုလူတွေကို ဟက်ကာလို့ခေါ်နိုင်သလဲဆိုတာလေး
လည်း နောက်ဆက်ပါဦးမယ်ဗျာ လာမည် ကြာမည် မျှော်ပေါ့........ 
......
စကားချပ် - ကိုယ်ဒေကတော့ Cyber War အတွင်း သူခိုးဖြစ်ရတာ ဂုဏ်ယူမိပါတယ် ခ်ခ်  :)
.......
မှီငြိမ်း -

1 comments:

Post a Comment