+++++ Dear ….. Thank you for visiting our booth at the Myanmar Black Hacking. We hope you will have a good time and enjoyed your visit to Underground. In case we won't answer some of your questions about our Real Info, we encourage you to visit our website at www.myanmarblackhacking.com +++++ It will give you a good idea of what we can do for +++++

Mar 27, 2015

0 SQL Injection ရဲ့ လုပ်ဆောင်ပုံ




သင့် system ရဲ့ input validation မှာ security holes တွေရှိခ့ရဲ င်database ကို arbitrary commands တွေ run တဲ့အချိန်မှာ SQL Injection Attack ဖြစ်ပွားနိုင်ပါသည်။ ဥပမာ
statement = "SELECT * FROM `users` WHERE `name` = '" + userName + "';"
ထို sql statement သည် users table ထဲမှ user ၏ အမည် ကို ဆွဲထုတ်ရန်ဖြစ်သည်။ အကယ်၍ သင့်ရဲ့ coding မှာ သေချာ မစီစစ်ထားတဲ့ user input တွေပါ တဲ့ stored procedures (INSERT,UPDATE,DELETE, and then definition like CREATE TABLE, ALTER TABLE etc.) တွေကို pass လုပ်ခွင့် ပေးမယ် ဆိုရင်လဲ SQL Injection Attack ဖြစ်ပွားနိုင် ပါသည်။
SQL Injection ဆိုသည် မှာ Web Application နဲ့ချိတ်ဆက်ထားသော user များ၏ data များကို ထိခိုက်စေနိုင်သော အဓိက thread တစ်ခု ဖြစ်ပါသည်။ထို attack ကို web page နှင့် ဆက်စပ်အသုံးပြုသော database ကြားတွင် နှောင့်ယှက်နိုင်ရန် ပြု လုပ်ထားပါသည်။ အထူးသဖြင့် ပုံမှန်မဟုတ်သော code တွေကို execute လုပ်ခြင်းဖြင့် database ကို ဆိုးရွားစွာထိခိုက်စေနိုင်ပါသည်။ထို attack ဆက်တိုက်ဖြစ်ပွားပါက IT အဖွဲ့ အစည်း တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း ပြောင်းလဲသွားနိုင်ပါသည်။ Attacker အများစုသည် SQL မှပေးသော statement များပေါ်တွင် အခြေခံ DBMS ၏ additional features များထဲမှကောင်းသောအချက်အလက် များကိုသုံး၍ attack လုပ်ကြသည်။ ဥပမာ
UPDATE table_name SET column1=value, column2=value2,..WHERE
some_column=some_value
ထို statement သည် database ထဲမှ data များကို update လုပ်ရာတွင် အရိုးရှင်း ဆုံးဖြစ်သည်။ထို အချက်များကိုအသုံးပြု၍ attacker များသည် database ထဲရှိ data များကို လွဲမှားအောင် ပြုလုပ်ကြသည်။ ဥပမာ
"UPDATE users_table SET pwd=’$pwd’ WHERE uid=’$uid’;";
ထို $uid ကို malicious sql code များဖြင့် ပေါင်းစပ်၍ ရေးလိုက်သောအခါ UPDATE usertable SET pwd=‘…’ WHERE uid=” or uid like ‘%admin%’; Attacker သည် administrator ၏ permission ရရှိ သွားပါ သည်။ တစ်ချို့အခြေအနေ များတွင် database server ကိုထိုးဖောက် ၍operating system ထဲသို့ ၀င်ရောက် နိုင်ပါသည်။
SQL injections တိုက်ခိုက်ခံရမှု ကြောင့် အချက်အလက်များ၏ လျို့ ဝှက်မှုများ ပေါက်ကြားခြင်း နှင့် ယုံကြည်စိတ်ချရမှု ပျောက်ဆုံးခြင်းများကို ဖြစ်ပေါ်စေသည်။ ထို့ ကြောင့် web developer များကထိရောက်စွာကာကွယ်ရန် လိုအပ်ပါသည်။ ထိုSQL Injection Attacks ကာကွယ်မှုဟာ အဖွဲ့ အစည်းများရဲ့ အဓိကအာရုံစိုက်ခံခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ထိုကာကွယ်မှုဟာ public web or application sever တွေကိုတိုက်ခိုက်နေသောအန္တရာယ်တွေကို ကာကွယ်နိုင်သောကြောင့်ဖြစ်သည်။ အမျိုးမျိုးသောထိရောက်တဲ့ကာကွယ်မှုများပေါ်ထွက်လာသော်လည်း SQL injections ကာကွယ်မှုဟာ အဓိကနေရာမှာ ရှိနေဆဲ ဖြစ်ပါသည်။ စုံစမ်းသိရှိရခြင်း
Web Server ၏ ပုံမှန်မှတ်တမ်း ထည့်သွင်းထားသည့် အကြောင်းအရာ များနှင့် ကွန်ယက်ပိုင်နက်ကျူးလွန်ခြင်းများကို စုံစမ်းရရှိသည့် စနစ်နှစ်ခုကို ပေါင်းခြင်းဖြင့် SQL Injection Attack များကို သိရှိနိုင်ပါသည်။ သင်သည် web server တစ်ခု run ထားလျှင် ထိုserver မှ ပုံမှန်ထည့်သွင်းထားသည့် အကြောင်းအရာများကို အချိန်အပိုင်းအခြား အလိုက် ပြန်လည်ကြည့်ရှု နိုင်ပါသည်။ မြောက်မြားစွာသော software tool များသည် web server ရှိ log များကို သတ်မှတ်ပေးသော စကားစုများအတိုင်း သို့မဟုတ် ပုံမှန်ဖော်ပြချက်များဖြင့် လျှင်မြန်စွာရှာဖွေနိုင်ရန် အကူအညီပေးပါသည်။”EXEC”,”POST”,”UNION”,”CAST” (သို့) single quotation mark များဖြင့်ရှာဖွေခြင်းများကို ပုံမှန်ရှာဖွေမှုများသည် အသုံးပြုသူများကို မထောက်ပံ့နိုင်ပါ။ ထိုကြောင့် specific tool များကို အသုံးပြုရန် log များကို လေ့လာသင့်ပါသည်။SQL injection attack များကို အားလုံးနီးပါး စုံစမ်းသိရှိရန်မှာ များစွာခက်ခဲပါသည်။
Attacker များသည် web server ၏ log များ network ၏ အဓိကနေရာတွင် ထားရှိသော IDS များကဲ့သို့ ကာကွယ် သည့် နည်းလမ်းများကို ရှောင်ရှား၍ လွတ်မြောက်အောင် လုပ်ဆောင်နိုင်ပါသည်။ထို့ကြောင့် SQL Injection Attack များကိုစုံစမ်းသိရှိနိုင်ရန် system၏ log ကိုသာ အပြည့်အ၀ မယုံကြည်သင့်ပါ။ Admin ၏ အတွေ့ အကြုံနှင့် system ကပေးသော အချက် အလက်များပေါ် မူတည်၍ လုပ်ဆောင်ခြင်းကသာ အကောင်းဆုံးဖြစ်ပါသည်။


မှတ်ချက်။ ။SQL Injection Attack ကာကွယ်နည်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။ 


RF - http://www.mmcert.org.mm/sql_injection%28tm%29.php

0 comments:

Post a Comment