+++++ Dear ….. Thank you for visiting our booth at the Myanmar Black Hacking. We hope you will have a good time and enjoyed your visit to Underground. In case we won't answer some of your questions about our Real Info, we encourage you to visit our website at www.myanmarblackhacking.com +++++ It will give you a good idea of what we can do for +++++

Mar 27, 2015

0 DDoS ရဲ့လုပ်ဆောင်ပုံ (သို့ ) DDoS ဆိုတာ ဘာလဲ




(“This page cannot be displayed”) ဆိုသော စာတန်းအား Web စာမျက်နှာပြင်၌ အင်တာနက် အသုံးပြုသည့်အခါ ရံဖန်ရံခါ တွေ့မြင်ဖူးမည်ဟု ထင်ပါသည်။အဆိုပါ ဝန်ဆောင်မှုများ ရပ်ဆိုင်းသည့် ဖြစ်စဉ်များသည် အင်တာနက် ဝင်ရောက် အသုံးပြုခြင်းတွင် သာမက ခေတ်မီကွန်ပျူတာ စာပို့စနစ် (E-mail) ၊ တိုးတက်သော နိုင်ငံများ၌ တွင်ကျယ်စွာ အသုံးပြုလျက်ရှိသော အင်တာနက်ပေါ်မှ ပြုလုပ်နိုင်သည့် ငွေကြေးဝန်ဆောင်မူ လုပ်ငန်း (Ebanking) များ နှင့် အင်တာနက်ကွန်ယက် အခြေပြုစီးပွားရေး လုပ်ငန်းများ အားလုံး အထိပါ ကြီးမားစွာ ဆုံးရှုံးနစ်နာစေသော အင်တာနက်ဝိုင်းဝန်း တိုက်ခိုက်မှု (Distributed Denial of Service) DDoS ပင် ဖြစ်သည်။ တိုက်ခိုက်မှုသည် စက္ကန့်ပိုင်း၊ မိနစ်ပိုင်းမျှသာ မဟုတ် နာရီများစွာ ရက်ပေါင်းများစွာ အထိပါ ရောက်ရှိ သွားနိုင်ပါသည်။
ယနေ့ အားလုံးသောလူအများ နေ့စဉ်ပြုလုပ်နေသည့် တနေ့တာဘဝတွင် ကွန်ပျူတာစနစ်အပေါ် လွန်စွာမှီခိုနေကြသည်မှာ မည်သူမှငြင်းနိုင်လိမ့်မည်မဟုတ်ပေ။ ဥပမာ - လက်ကိုင်ဖုန်းစနစ်၊ စီပွားရေးနှင့် ဆိုင်သောအလုပ်များ၊ ဖျော်ဖြေရေးများ သာမက နေ့စဉ်လူနေမူဘဝ လုပ်ငန်းဆောင်တာများ ကိုပါ ကွန်ပျူတာ စနစ်များနှင့် မကင်းဝေးနိုင်ပါ။ ထို့အတူ အထက်ပါအကြောင်းအရာများ၏ အဓိကကြသော ကွန်ပျူတာကွန်ယက်စနစ်ကြီး အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ခြင်းမပြုစေရန် အဖျက်အမှောင့် လုပ်ရပ်ဖြစ်သော တိုက်ခိုက်မှု (DDoS) များကို မသာမာသူ အဖျက်သမားများမှ လက်ရှိအသုံးပြု လျက်ရှိသည့် စက်ပစ္စည်းများ (Hardware Devices) ကွန်ရက်စည်းမျဉ်း (Network Protocol) အခြားသော (Application Protocol) နှင့် ကွန်ပျူတာစနစ်များ၏ အားနည်းချက်များကို ထိုးနှက် တိုက်ခိုက်လျက်ရှိသည်။ မမှန်းဆနိုင်သော ပမာဏ အလွန်များပြားစွာ တိုးတက်နေသည့် ကွန်ပျူတာသုံးစွဲမှု နှင့် နေရာအနှံ့တွင် တွေ့နိုင်သော ရွေ့ရှား အသုံးအဆောင် စက်ပစ္စည်းများ၏ ကွန်ပျူတာကွန်ယက် စနစ်ကြီးပေါ် ခိုင်မာစွာ ခြေကုပ်ယူမှီခို နေသည်မှာလည်း ထင်ရှားလှပါသည်။ တဖက်မှာလည်း ဆက်သွယ်မှုကွန်ယက်များ အတွင်း လုံခြုံရေး ဆိုင်ရာ အန္တရာယ်များမှာ ပို၍ ပို၍ များပြားလာပါသည်။ ထိုအန္တရာယ်များထဲမှ DDoS အကြောင်းကို အခြေခံမှ စတင်ဖြစ်ပေါ်လာပုံ နှင့် ဖြစ်ရသည့် အကြောင်းအရင်းတို့ကို ကွန်ယက် ထိန်းချုပ်သူများ (Network Administrator) အတွက် ဗဟုသုတ ဖလှယ်သည့် အနေဖြင့် တင်ပြသွားမည် ဖြစ်ပါသည်။


တိုက်ခိုက်မှု အမျိုးအစား (Many Kinds of DDoS) များစွာရှိ သကဲ့သို့ အဆိုပါ တိုက်ခိုက်မှု တိုင်းတွင် လုပ်ဆောင်ရမည့် အဆင့်များမှာ များပြားလှ ပါသည်။ ထို့အတူ တိုက်ခိုက်မှုတစ်ခု (DDoS) ဖြစ်ရန်အတွက် လိုအပ်သော လုပ်ငန်းစဉ်များစွာ ရှိသည့်အနက် အဓိက ကဏ္ဍကြီး သုံးခု ခွဲနိုင်သည်။ ၄င်းတို့မှာ
(၁) ဆက်သွယ်မှုစနစ် သက်မှတ်ချက် သဘောတရား ကဏ္ဍ (Methodology of Communication between the attacker and the victim)
(၂) မမှန်မကန်အသုံးချသည့်နည်းလမ်း နှင့် ဖန်တီး ရေးသားထားသော အစီအစဉ် နည်းပညာပိုင်း ဆိုင်ရာ လုပ်ဆောင်မူ ကဏ္ဍ (According to the Exploitation Mechanism)
(၃) ပြန့်နှံ့ရောက်ရှိမှု နည်းလမ်း နှင့် သက်ဆိုင်သည့် (Spreading Technique) အသီးသီးတို့ဖြစ်ကြသည်။
(၁) ဆက်သွယ်မှုစနစ် သက်မှတ်ချက်သဘောတရားကို အခြေခံသော ကဏ္ဍ (Methodology of Communication between the attacker and the victim)
အထက်ပါအမျိုးစားကို တဖန် လုပ်ဆောင်မှုစနစ် ပေါ်မှုတည်၍ နှစ်မျိုး ထပ်ခွဲနိုင်ပါသည်။ ၄င်းတို့မှာ (က) Handler Based Agents နှင့် (ခ) IRC Based Agents တို့ဖြစ်ကြသည်။
(က) Handler Based Agents
Agent-Handler DDoS attack network တစ်ခုတွင် clients ၊ handlers နှင့် agents တို့ပါဝင်သည်။ Client Platform ဆိုသည်မှာ တိုက်ခိုက်သူမှ DDoS တိုက်ခိုက်မှု ပြုလုပ်ရန် အသုံးချမည့် ကွန်ယက် မဟုတ်ဘဲ ကျန်ရှိသည့် အစိတ်အပိုင်း နေရာ (where attacker exists) ပင်ဖြစ်သည်။ Handlers များကတော့ (Software Packages) များဖြစ်ပြီး အင်တာနက်အပေါ်တွင် တည်ရှိနေသော စွမ်းဆောင်ရည် မြင့်မားသည့် ကွန်ပျူတာစနစ်ပေါ်တွင် ထည့်သွင်းခြင်းခံရကာ Attacker နှင့် Agents များ သွယ်ဝိုက်၍ ဆက်သွယ်ရန် ပြုလုပ်ထားသော လုပ်ဆောင်မှု အစီအစဉ်ပင် ဖြစ်ပါသည်။ တိုက်ခိုက်သူမှ အဖျက် အမှောင့်များ ပြုလုပ်ရန် ရေးသားထားသော အစီအစဉ် (Agent Software) ကို ထိန်းချုပ်ခြင်း ခံရသည့် ကွန်ပျူတာများထဲတွင် အသုံးပြုသူများ (Users) မသိစေဘဲ ထည့်သွင်းရသည်။ ပထမဦးစွာ တိုက်ခိုက်သူသည် ၄င်း နှင့် ပစ်မှတ် သားကောင် (Victim) တို့အကြား ဆောင်ရွက်သူ Handler အား သူ (Handler) ၏ လက်အောက်တွင် ရှိသော Agents များအား စနစ် လည်ပတ်နေမှုရှိ မရှိ သိရှိရန်အတွက် ဆက်သွယ် လိုက်သည်။ ထို့နောက် တိုက်ခိုက်မှု အစီအစဉ် အချိန်ဇယားများ သော်လည်းကောင်း အခြား သူ၏ (Agent Software) မြှင့်တင်ခြင်းသော် လည်းကောင်း Handler မှတဆင့် စတင်ပြုလုပ်ခြင်း ၊ ပြင်ဆင် ဖြည့်စွက်ခြင်းများကို ခိုင်းစေလိုက်သည်။ တိုက်ခိုက်သူ၏ အစီအစဉ်ပေါ်မှုတည်၍ Agents များတွင် Handler တစ်ဦး သို့မဟုတ် အများအပြား ရှိနိုင်သည်။ ပုံမှန်အားဖြင် Handler Software ကို Bandwidth ပမာဏများ ပြီးလမ်းကြောင်း ပေါ်တွင်ရှိသော ထိန်းချုပ်ခြင်းခံရသည့် စွမ်းရည်မြင့် Server များ သို့မဟုတ် Network Router များ ထဲတွင် ထည့်သွင်းလိုက်သည်။ ထို့ကြောင့် တိုက်ခိုက်သူ (Client) နှင့် ကြားခံ ဆောင်ရွက်သူ (Handler) အကြား နှင့် တဖန် ကြားခံဆောင်ရွက်သူ (Handler) နှင့် ထိန်းချုပ်ခံရသည့် ကွန်ပျူတာ (Agent) အကြား ပေးပို့သော အချက်အလက်များ မှာ စီစစ်ရှာဖွေရန် ခဲယဉ်းသွားပါသည်။ အဆိုပါ အပြန်အလှန် ပေးပို့မှုများ ကို TCP, UDP သို့မဟုတ် ICMP များကို အသုံးပြုပြီး ဆက်သွယ် ဆောင်ရွက်ခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် ထိန်းချုပ်ခံရသည့် ကွန်ပျူတာ Agents များ၏ ပိုင်ရှင် နှင့် အသုံးပြု သူများသည် ကွန်ပျူတာ နည်းပညာ ဗဟုသုတမရှိသူများ ဖြစ်ကြပြီး ၄င်းတို့၏ ကွန်ပျူတာများသည် ထိန်းချုပ်ခြင်း ခံရသောကြောင့် DDoS တိုက်ခိုက်မှုတွင် Agent တခုအဖြစ်ပါဝင် နေသည်ကို စိုးစဉ်းမျှ သိရှိနိုင်လိမ့် မဟုတ်ပေ။ အဘယ်ကြောင့် ဆိုသော် Agents များသည် DDoS တိုက်ခိုက်မှု အတွက် ပါဝင်နေစဉ် ၄င်းကွန်ပျူတာများ၏ လုပ်ဆောင်မှုအရင်းအမြစ်များ (System Resources) ထဲမှ အနည်းငယ်သော ပမာဏသာ အသုံးပြု၍ ကွန်ပျူတာ လုပ်ဆောင်မှုမှာ သိသာထင်ရှားစွာ ပြောင်းလဲခြင်း မရှိသဖြင့် သတိမူမိလိမ့်မည် မဟုတ်ချေ။ ပုံ(၁) မှာ Handler Based Agents ၏ လုပ်ဆောင်မူ ပုံစံ ကို ပုံဖြင့် ဖော်ပြထား ဖြစ်သည်။


ပုံ(၁) Handler Based Agents

(ခ)IRC Based Agents
Internet Relay Chat (IRC) ဆိုသည်မှာ အသုံးပြုသူအများမှ တပြိုင်နက်တည်း စာရေးသားပြောဆိုသော စနစ်ဖြစ်ပါသည်။ ၄င်းသည် အသုံးပြုသူများ အား Two-Party သို့မဟုတ် Multi-Party Interconnections များကို ခွင့်ပြုထားပြီး စားသားများအား တချိန်တည်းတွင် ရေးသားပြောဆိုနိုင်သော ဝန်ဆောင်မှုလည်းဖြစ် သည်။ IRC ကွန်ရက်တည်ဆောက်မှုတွင် IRC Server များသည် ကမ္ဘာ့နေရာအနှံ့တွင် တည်ရှိနေပြီး အဆိုပါ Server များသည် အပြန်အလှန် ချိတ်ဆက်မှုယူကာ ဆယ်သွယ်ထားပါသည်။ ထို IRC Server များသည် public ၊ private နှင့် secret ဆိုသော ဝန်ဆောင်မှု အတန်းအစားများ ခွဲကာ profile ကို တည်ဆောက် ခွင့်ပြုထားသည်။
IRC Based DDoS တိုက်ခိုက်မှုသည် Agents များကို အမိန့်ပေးခိုင်စေသည့် စနစ် Handler Software in Handler Based Agents နှင့် IRC Communication Channel in IRC Based Agents တစ်ခုမှလွဲ၍ ကျန်အစီအစဉ်မှာ အတူတူပင် ဖြစ်သည်။ ဤ IRC Channel ကို အသုံးပြုခြင်းအားဖြင့် တိုက်ခိုက်သူ၏ DDoS ပုံစံ တည်ဆောက်မှု အတွက် အခြားသော အကျိုးရလဒ်များ ဖြစ်ထွန်းစေသည်။ ဥပမာ တိုက်ခိုက်သူ သည် တရားဝင်ပုံမှန်ဖြစ်သော IRC ports ကို အသုံးပြု၍ Agents များအား တိုက်ရိုက် အမိန့်ပေးနိုင်သည်။ ဤအခြေအနေမှာ DDoS Packets များအား ခြေရာခံရာ၌ ခက်ခဲသော ကြောင်းရင်းတစ်ရပ် လည်းဖြစ် သည်။ ပုံ(၂) မှာ IRC Based Agents ၏ လုပ်ဆောင်မူပုံစံကို ပုံဖြင့် ဖော်ပြထား ဖြစ်သည်။



ပုံ(၂) IRC Based Agents

 နောက်အကြောင်းရင်း တစ်ခုမှာ IRC Server များအနေဖြင့် ပမာဏများသော Bandwidth လမ်းကြောင်း များ ရှိနေသည့်အတွက် တိုက်ခိုက်သူများအနေဖြင့် IRC ကွန်ယက်ထိန်းချူပ်သူများအား ရှောင်ပုန်းရန် လွယ်ကူနေပါသည်။ တတိယအချက်အနေဖြင့် တိုက်ခိုက်သူသည် လုပ်ဆောင်မှုအစီအစဉ်များ ရော့နည်း သွားသည်။ အကြောင်းအရင်းမှာ Agents များ Active ဖြစ်နေမှုတို့ကို ရိုးရှင်းစွာ Logging In ပြုလုပ်ခြင်းဖြင့် အလွယ်တကူ ကြည့်ရှုနိုင်ပါသည်။ IRC ကွန်ယက်တွင် ထည့်သွင်းထားသော Agent Software မှ IRC Channel ကိုဆက်သွယ်၍ Agents များ၏ လည်ပတ်မှုကို Monitor ပြုလုပ်ပါသည်။ စတုတ္ထအကြောင်း အရင်းမှာ IRC ကွန်ရက်မှာ လွယ်ကူစွာ အချက်အလက်များ ကူပြောင်းနိုင်မှု (Easy File Sharing) ဝန်ဆောင်မှုရနိုင်ခြင်း ပင်ဖြစ်သည်။ အဆိုပါကူးပြောင်းမှုသည် တဖက်လှည့် အနေဖြင့် တိုက်ခိုက်သူ၏ အစီအစဉ်များ ဖြန့်ဝေခြင်း (Agent Code Distribution) အဖြစ် အသုံးချနိုင်သည်။ ဤအချက်သည်လည်း နောက်ထပ် Agents များ အဖြစ် စေခိုင်းနိုင်ရန် ပြုလုပ်ပြီး တိုက်ခိုက်မှုတွင် ပါဝင်လာအောင် ဆောင်ရွက်မှု အတွက် အခွင့်အရေးတစ်ရပ် ပင်ဖြစ်သည်။ Agents များသည် သက်ဆိုင်ရာ IRC Server များတွင် အစုအဖွဲ့လိုက် တည်ရှိနေကြသည်။ ထို့ကြောင့် တိုက်ခိုက်သူသည် Agents များ အားလုံး နှင့် ဆက်သွယ်မှု ပြုလိုသည့် အခါတိုင်းတွင် IRC Server အားလုံး ကို ချိတ်ဆက်မှုပြုပြီး အလိုရှိသော Agents များအား အမိန့်ပေးခိုင်းစေသည်။ ထို့အတူ Agents များကို နောက်ကြောင်း လိုက်ရန်မှာလည်း ခက်ခဲပြီး တာဆီးနိုင် ရန်လည်း မလွယ်ကူပေ။
ကျန်ရှိနေသော (၂)မမှန်မကန်အသုံးချသည့်နည်းလမ်းနှင့်ဖန်တီးရေးသားထားသော အစီအစဉ် နည်းပညာ ပိုင်းဆိုင်ရာ လုပ်ဆောင်မူ ကဏ္ဍ (According to the Exploitation Mechanism) အား နောက်ဆက်တွဲ အပိုင်း (၂) ဖြင့်လည်းကောင်း (၃) ပြန့်နှံ့ရောက်ရှိမှုနည်းလမ်း နှင့် သက်ဆိုင်သည့် (Spreading Technique) အား နောက်ဆက်တွဲ အပိုင်း (၃) ဖြင့် ဆက်လက် တင်ပြသွားမည် ဖြစ်ပါသည်။
 

References - http://www.mmcert.org.mm/ddos%28tm%29.php
(ရှင်းလင်းစေရန် မူရင်းကို အနည်းငယ်ပြုပြင်ထားပါတယ်)

0 comments:

Post a Comment