+++++ Dear ….. Thank you for visiting our booth at the Myanmar Black Hacking. We hope you will have a good time and enjoyed your visit to Underground. In case we won't answer some of your questions about our Real Info, we encourage you to visit our website at www.myanmarblackhacking.com +++++ It will give you a good idea of what we can do for +++++

Mar 27, 2015

0 Business လုပ်ငန်းရှင်များအတွက် သတင်းအချက်အလက်လုံခြုံစေရန် လုပ်ဆောင်သင့်သည့် အချက် (၁၀) ချက်

 

Hacker များအတွက် Business Trip သွားလာလေ့ရှိသော လုပ်ငန်းရှင်များသည် စွဲဆောင်မှုကောင်းသော ပစ်မှတ်တစ်ခု ဖြစ်နေလေ့ရှိသည်။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိ၏ သတင်းအချက်အလက်များ လုံခြုံမှုရှိစေရန် အောက်ပါ အချက် (၁၀) ချက်ကို ခရီးမထွက်ခင် လုပ်ဆောင်သင့်ပါသည်။

၁။ Software Update ပြုလုပ်ခြင်း
Hacker များသည် သာမန် Application software တစ်ခုပင်ဖြစ်စေ လုံခြုံရေးအားနည်းချက်ရှာဖွေကာ ၄င်းမှတစ်ဆင့် ဝင်ရောက်တိုက်ခိုက်မှု ပြုလုပ်နိုင်သောကြောင့် မိမိ အသုံးပြုသော Application Software အားလုံးကို ခရီးမသွားခင် Latest Version ဖြစ်အောင် Update ပြုလုပ်ထားသင့်ပါသည်။

၂။ Vendor Website များတွင်သာ Update ပြုလုပ်ရန်
တစ်ခါတစ်ရံ Hacker များ ဖန်တီးများသော Malware များသည် "မိမိ၏ ကွန်ပြူတာ မှ Software Update များ Download ပြုလုပ်ရန်" ဟု လှည့်ဖျားတတ်သည်။ ထို့ကြောင့် Application Software များ Update ပြုလုပ်ရာတွင် သက်ဆိုင်ရာ Software Vendor Website သို့သွားရောက် Latest Version or Patch ကို Download ပြုလုပ်သင့်သည်။

၃။ VPN Service ကို အသုံးပြုခြင်း
Public Internet Access နေရာများတွင် အသုံးပြုရာတွင် Hacker များမှ မိမိ၏ သတင်းအချက်အလက်များကို အလွယ်တူကြားဖြတ်ဖမ်းယူမကြည့်ရှု့နိုင်စေရန် SSL Service (သို့) VPN Service ကိုသာ အသုံးပြုသင့်ပါသည်။

၎။ Wifi Hotspot အတုများကို သတိပြုရန်
Hacker များသည် Airport, Conference နှင့် hotel living room များတွင် Free Wifi hotspot အတုများပြုလုပ်ကာ သတင်းအချက်အလက်များ ကြားဖြတ်ဖမ်းယူနိုင်သောကြောင့် သတိပြုသုံးစွဲသင့်သည်။

၅။ Free Wifi Hotspot များကို ရှောင်ရှားရန်
Free Wifi Hotspot များသည် လူအများအသုံးပြုသော Hotspot များဖြစ်သောကြောင့် Risk ပိုများပါသည်။ ထို့ကြောင့် Session Keys သို့ Wireless password ရှိသော Access Point များတွင်သာ အသုံးပြုသင့်ပါသည်။

၆။ မိမိ ၏ Mobile Internet Service ကို အသုံးပြုရန်
Public Internet Service များတွင် အသုံးပြုခြင်းထက် Mobile Internet Service ကိုအသုံးပြုခြင်းသည် ကုန်ကျစရိတ် ပိုမိုစေနိုင်သော်လည်း သတင်းအချက်အလက်ကို ပိုမိုလုံခြုံစေနိုင်ပါသည်။

၇။ Public Computer များအသုံးပြုခြင်းမှ ရှောင်ရှားရန်
Hotel, Airport စသည်တို့တွင် အသုံးပြုခွင့်ပေးထားသော Public Computer များသည် Hacker များ၏ Malware များရှိနေနိုင်သောကြောင့် အသုံးပြုခြင်းမှ လုံးဝရှောင်ရှားသင့်သည်။

၈။ Network တစ်ခုအတွင်းရှိ အခြား User များ၏ ရန်မှ ကာကွယ်ခြင်း
မိမိနှင့် Network တစ်ခုအတွင်း တူညီစွာ အသုံးပြုနေသော အခြားသူများ၏ တိုက်ခိုက်မှုမှ ကာကွယ်ရန် Window Firewall များဖွင့်ထားခြင်း၊ Travel Router များအသုံးပြုခြင်းများ ပြုလုပ်သင့်ပါသည်။

၉။ Physical Security ကို ဂရုပြုရန်
မိမိ ကွန်ပြူတာကို အနားမှာမရှိချိန်တွင် တခြားသူတစ်ဦးမှ အလွယ်တကူ Access မပြုလုပ်နိုင်စေရန် Login Password အသုံးပြုခြင်း၊ Boot from USB/DVD Function ကိုပိတ်ထားခြင်း၊ မိမိ၏ Hard Drive ကို encrypt ပြုလုပ်ထားခြင်း၊ Cable Lock ကို အသုံးပြုခြင်းများ ပြုလုပ်သင့်ပါသည်။ ၁၀။ အဆိုးဆုံးကို မျှော်လင့်ထားခြင်း အကယ်၍ မိမိ ၏ Business Trip တွင် Hacker များ မှ မိမိ ကွန်ပြူတာကို တိုက်ခိုက်ခံရသည်ဟု ယူဆလျှင်သော် လည်းကောင်း၊ ခိုးယူခြင်းခံရလျှင်သော်လည်းကောင်း ခရီးမှပြန်ရောက်သည့်အခါ ချက်ခြင်း မိမိ အသုံးပြုသော Account များ အားလုံး၏ Password များကို အသစ်ပြန်လည်ပြောင်းသင့်ပါသည်။

Reference: http://www.mmcert.org.mm/securetrip.php

0 comments:

Post a Comment