မကြာသေးမီက Security Researcher များမှ Android OS နှင့်သက်ဆိုင်သော
Vulnerability တစ်ခုကိုတွေ့ရှိခဲ့ပါသည်။ ၄င်းမှာ Android OS သုံး Device
များတွင် Application များအား Third-party Store များမှ Download
ပြုလုပ်ရာတွင် Malicious App များဝင်ရောက်၍ Install
ပြုလုပ်သွားနိုင်ပါသည်။ ယင်းအားနည်းချက်ကို အသုံးပြု၍ Attacker များသည်
Android Device အား Compromise ပြုလုပ်နိုင်ပါသည်။ ဤ Vulnerability ကြောင့်
Android User ၄၉.၅ ရာခိုင်နှုန်းကို ဆိုးကျိုးသက်ရောက်နိုင်ကြောင်း
တွက်ချက်ထားပါသည်။
Installer Hijacking Attack ဖြစ်ပွားပုံ။
===============
Android OS တွင် Application များကို Install ပြုလုပ်ရာတွင် Official Play
Store ဖြစ်သည့် Google Play Store မှ Download ရယူရန် Support
လုပ်ထားပါသည်။ Download ရယူသော APK (Android Package) File အား Local File
System တွင် သိမ်းပါသည်။ တနည်းအားဖြင့် Google Play မှ Download
ရယူထားသမျှသည် Protected Space ဖြစ်သည့် Internal Storage
ထဲတွင်ရောက်ရှိသွားပါသည်။ အကယ်၍ Third Party App Store များမှ APK များအား
Download ပြုလုပ်ပါက Unprotected Local Storage ဖြစ်သည့် SD Card ထဲတွင်
Install ပြုလုပ်သွားပါသည်။ Google Play Store မှသော်လည်းကောင်း Third Party
Play Store မှသော်လည်းကောင်း Download ရယူသော App များအား Package
Installer မှ Install ပြုလုပ်ပေးပါသည်။
Installer Hijacking Vulnerability သည် Unprotected Local Storage ထဲတွင်
Download ရယူခဲ့သော APK File များကိုသာ အကျိုးသက်ရောက်စေပါသည်။ Protected
Space ထဲရှိ APK File များကိုတော့ ၄င်း Attack ဖြစ်စေနိုင်ခြင်းမရှိပါ။
ထို Download ရရှိထားသော APK File များအား Package Installer မှ Install
ပြုလုပ်ရာတွင် “Time to Check” ဆိုသည့် Figure(1) တွင်ပြထားသည့်အတိုင်း
User အား Access Permission များတောင်းပါသည်။ User များသည်လည်း Next အား
Click ၍ Application များအား Install ပြုလုပ်ပါသည်။ Attacker သည်
Background တွင် APK File အား Modify ပြုလုပ်၍သော်လည်းကောင်း Replace
ပြုလုပ်၍သော်လည်းကောင်း Installation Process တွင် Hijack ပြုလုပ်၍
Malicious Activity ပြုလုပ်၍ ၄င်း Android Device အား Compromise
ပြုလုပ်သွားပါသည်။

Figure(1): User reviews the detail information of app to be installed (i.e. “Time to check”).
Vulnerability ရှိနေသော Android Version များ။
အောက်ဖော်ပြပါ Android Version များတွင် Installer Hijacking Attack ဖြစ်စေနိုင်ပါသည်။
• Android 2.3
• Android 4.0.3 – 4.0.4
• Android 4.1.x
• Android 4.2.x
Installer
Hijacking Vulnerability ရှိမရှိစစ်ဆေးခြင်း။
မိမိ၏ Android Device သည် ၄င်းအားနည်းချက်ရှိမရှိကို
Installer Hijacking Scanner အား Install ပြုလုပ်၍ စစ်ဆေးကြည့်နိုင်ပါသည်။ ၄င်း
Apps ၏ Download Link အားအောက်တွင်ဖော်ပြထားပါသည်။

Figure(2): Installer
Hijacking Scanner
Installer
Hijacking Attack အားကာကွယ်ခြင်း။
============
Installer Hijacking Attack မှကာကွယ်ရန်
အောက်ဖော်ပြပါအတိုင်း လုပ်ဆောင်နိုင်ပါသည်။
Application
များကို Google Play Store မှသာ Download ရယူ၍ Install ပြုလုပ်ရန်။
·
Android
Version 4.4 သို့ System Update ပြုလုပ်ရန်။
·
Application
များ Install ပြုလုပ်ရာတွင် System Log တစ်ခုဖြစ်သည့် Logcat အား Access လုပ်သည့်
Permission အားပိတ်ထားရန်။
·
Application
များအား Protected Storage Space တွင်သာ Save ရန်။
Reference: http://www.mmcert.org.mm/Android_Installer_Hijacking.php
0 comments:
Post a Comment