မြန်မာနိုင်ငံရဲ့ Hacking သမိုင်းအကြောင်းပြောရင် မပါမဖြစ်ထည့်သွင်းပြောခြင်းခံရတဲ့ Team တွေထဲက တစ်ခုဖြစ်တဲ့ MHU လို့ ခေါ်ကြတဲ့ myanmar hackers unite4m ရဲ့ UG Magazine အပေါ်ရေးထားတဲ့ preview
*************************************************************************************
UG Magazine vol 2 တဲ့ MBH က အဖွဲ့သားတွေ ဦးဆောင်ပြီး ထုတ်တဲ့ မဂ္ဂဇင်း … ပရင့်ထုတ်ပြီး ဖြန့်ဝေတဲ့အထိလုပ်မယ်ဆိုတော့ .. ဖြစ်ပါ့မလား .. ပြီးတော့ UG လောက က လူတွေနဲ့ ပြင်ပ နည်းပညာလောကမှာ ရပ်တည်နေတဲ့ လူတွေရောဝိုင်းရေးမှာဆိုတော့ ပိုပြီးတော့ စိုးရိမ်မိတယ် .. အသွင်မတူတဲ့ ရပ်တည်မှုမတူတဲ့ အိုင်တီသမားတွေပူးပေါင်းကြတာဆိုတော့ .. ဒါပေမယ့် တကယ်ဖြစ်လာခဲ့တယ် .. အိုင်တီသမားတွေရဲ့ ညီအစ်ကိုစိတ်ဓါတ် စည်းလုံးမှုကို ပြသနိုင်ခဲ့ပြီလို့ပြောလို့ရတဲ့ ရလဒ်တစ်ခုကို ပြသနိုင်ခဲ့ပြီ ..ပိုပြီး ဂုဏ်ယူမိတာက ဘယ်အသွေးအရောင် ဘယ် ချုပ်ထိန်းမှုကိုမှ လက်မခံနိုင်တဲ့ UG လောကသားတွေရဲ့ စည်းရုံးမှုကို အားလုံးသိအောင်ပြသနိုင်ခဲ့လို့ပါပဲ .. စာအုပ်ပါ အကြောင်းအရာတွေကို ဖတ်ကြည့်လိုက်တော့ .. ပြင်ပမှာ ထွက်ခဲ့ဖူးတဲ့ Hacking နည်းပညာဆိုင်ရာစာအုပ်တွေကို သွားသတိရမိတယ် .. ဒီနေ့အထိထွက်ခဲ့ဖူးသမျှ hacking နည်းပညာပိုင်းဆိုင်ရာစာအုပ်တွေထဲမှာ Mr Linuxer ထုတ်တဲ့ စာအုပ်နဲ့ ခု UG Magazine vol 2 နှစ်ခုပဲ အားရကျေနပ်တယ် .. ဒါတောင် Mr Linuxer စာအုပ်က အခြေခံသမားတွေအတွက် အဓိက ရည်ရွယ်ရေးထားတာတွေ့ရပြီး . ခုစာအုပ်ကတော့ အခြေခံအဆင့်ကို ကျော်နေတာကိုတော့ ဖတ်ကြည့်တဲ့သူတွေအားလုံးသိရမှာပါ .. UG သမားတွေရဲ့ ရေးသားမှုတွေကို ကြည့်မယ်ဆို Target တစ်ခုကို ဘယ်လို ဖောက်ဝင်သွားတယ်ဆိုကို ဘယ်အားနည်းချက်ကို ဘယ်လို အကျိုးအမြတ်ရယူလို့ရတယ်အထိပါ တွေ့နိုင်ပြီး .. Cyber Wings က ကိုရန်နိုင်မြင့်ရဲ့ Web Server တစ်ခုကို Hacking ရန်မှ ကာကွယ်ခြင်း ဆောင်းပါးမှာဆို လုံခြုံရေးဘယ်လိုလုပ်မယ်ဆိုတာ အသေးစိတ်နီးပါး ရေးသားပြသထားတာကိုတွေ့ရမှာပါ .. ဟင်းတစ်ခွက် ချက်တဲ့ အချိန်မှာ ချို ချဉ် ဖန် ခါး အငံ အစပ် အရသာ ၆ ပါးစုံလင်အောင် ထည့်သွင်းချက်ခဲ့ရင် အကောင်းဆုံး စားမြိန်စရာ ဟင်းတစ်ခွက် ရရှိနိုင်ပါတယ် .. ဒီမဂ္ဂဇင်းမှာ နည်းပညာပိုင်းဆိုင်ရာ ရသာ ၆ ပါးလုံးအကြောင်းကြောင်းကြောင့် မစုံလင်ခဲ့ရင်တောင် စားမြိန်ဟင်းတစ်ခွက်ဖြစ်တယ်ဆိုတာကို လက်ခတ်မလွဲပါပဲ .. တစ်ချို့တစ်ချို့သောသူတွေက သီအိုရီတွေကိုင်စွဲပြီး ဝေဖန်ပါလိမ့်မယ် .. ဒါပေမယ့် အဲ့သီအိုရီတွေကို ကိုင်စွဲထားတဲ့ သူတွေဖန်တီးထားတဲ့ အရာတွေကိုပဲ သီအိုရီတွေက ဖောက်ထွက်နေတဲ့ သူတွေက စမ်းသပ်ဝင်ရောက်နေကြတာကို တွေ့ကြရမှာပါ .. ဒီတော့ ဝေဖန်မှုတွေကို ထည့်မတွက်ပဲ နောက် vol 3 မှသည် vol ပေါင်းများစွာထွက်ပေါ်လာပါစေလို့ ဆုတောင်းပါတယ် .. စာအုပ်ထဲက နည်းပညာပိုင်းဆိုင်ရာကို ဝေဖန်ရမယ်ဆိုရင်တော့ Hacking နည်းပညာပိုင်းဆိုင်ရာတွေမှာ တစ်ချို့ဟာတွေက အသေးစိတ်အထိ ပါဝင်ပေမယ့် တစ်ချို့ဟာတွေကတော့ ရှေ့ဆက်စဉ်းစားဖို့ စာမျက်နှာအခက်အခဲအရ ချန်ထားဖြုတ်ထားခဲ့ကြတာကို တွေ့ရတယ် … နိုင်ငံတကာ CTF ပြိုင်ပွဲအတွေ့အကြုံကိုလည်း ရေးသားပြထားပြီး နောက်မျိုးဆက်သစ်တွေအတွက် လမ်းဖွင့်ပေးထားတာကိုတွေ့ရမယ် .. နောက် UG လောကထဲမှာ အစည်းလုံးဆုံး UGMH ရဲ့ အင်တာဗျူးမှာ နိုင်ငံအတွက် ဘယ်လို ကာကွယ်မလည်းဆိုတဲ့ လူငယ်လေးတွေရဲ့ မျိုးချစ်စိတ်ကို တွေ့ရမယ် .. Team ပေါင်းများစွာကလူတွေစုစည်းရေးသားထားတာဆိုတော့ attacking နည်းပညာပိုင်းဆိုင်ရာပိုများနေတာကို တွေ့ရတယ် .. ပြီးတော့ web application hacking ပိုင်းကို ပိုအားသန်ကြတာကို တွေ့ရပြီး .. လုံခြုံရေးပိုင်ဆိုင်ရာ က တစ်ခုပဲ ပါတာကို တွေ့ရတယ် .. ဒါပေမယ့် တစ်ခု ဆို တစ်ခု ဆိုသလောက် လုံလုံလောက်လောက်ကာကွယ်နိုင်တာကို တွေ့ကြရမှာပါ .. ဟက်ကင်း ဘယ်ကနေ စဖြစ်တည်လာလည်း နောက်ပြီးတော့ cyber war သမိုင်းကြောင်းတွေကိုလည်း ဖတ်ရှုလေ့လာရမှာဆိုတော့ သူ့ရဲ့အရသာကို ဘယ်လိုကို ဖီးလ်ရှိမှန်း မသိပါဘူးရှင်ဖြစ်သွားစေရမယ့် စာအုပ်တစ်အုပ်ပါပဲ .. နိုင်ငံတစ်နိုင်ငံအဆင့်ထိတိုက်ခိုက်ခြင်း လို့သတ်မှတ်လို့ရတဲ့ Firesale ကို ခပ်ပါးပါးလေး ပုတ်ထားပြီး cryptography ပိုင်းကိုလည်း အခြေခံ သဘောပေါက်နားလည်အောင် ပြသထားတာတွေ့ရတဲ့အတွက် .. ပြောခြင်တာကတော့ .. ဒီစာအုပ်ကို စီစဉ်တဲ့ အဖွဲ့သားတွေနဲ့ အယ်ဒီတာအဖွဲ့ကို ကျေးဇူးပါလို့ .. နည်းပညာလောကအတွက် အကျိုးများစေမယ့် တစ်ထောင့်တစ်နေရာကနေ ကျေးဇူးပြုလိုက်ခြင်းပါပဲ .. လိုအပ်တာတွေလည်း ရှိနေဦးမှာဖြစ်သလို ဝေဖန်မှုတွေလိုလည်း ကြုံတွေ့လာရပါမယ် ဂရုမစိုက်ပါနဲ့ .. ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်ပြီးနောက်စာအုပ်တွေထွက်နိုင်အောင် ကြိုးစားပေးပါ .. အထူးကျေးဇူးတင်တာကတော့ Facebook Recovery နည်းတွေမပါတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ် အယ်ဒီတာအဖွဲ့ရေ
ကိုကို MHU